ZCD ပါတီဥက္ကဌ ဝါရင့်နိုင်ငံရေးသမား ပူးကျင်ရှန်းထန် ကွယ်လွန်

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD) ပါတီဥက္ကဌ ပူးကျင်ရှန်းထန် (၈၃နှစ်)ဟာ ယနေ့ (ဇူလိုင် ၃၁ရက်) ညနေ ၅:၃၅ မိနစ်တွင် ကလေးမြို့ရှိ ၎င်းနေအိမ်တွင် ကွယ်လွန်သွားတယ်လို့သတင်းရရှိပါတယ်။

ပူးကျင်ရှင်းထန်ဟာ ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း Zomi National Congress (ZNC) ပါတီဖြင့် တီးတိန်မြို့နယ်မဲဆန္ဒနယ်ကနေဝင်ရောက်ယှဉ်ပြိုင်ရာ ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်တွင် စစ်အစိုးရက ZNC ပါတီကို ဖျက်သိမ်းပြီး ဦးသိန်းစိန်လက်ထက်တွင် ZCD ပါတီနဲ့ပြန်လည်မှတ်ပုံတင်ခဲ့ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တီးတိန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ဝင်ရောက်မယှဉ်ပြိုင်တော့ဘဲ ပါတီဥက္ကဌတာဝန်သာ ထမ်းဆောင်ခဲ့တယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Zomi Congress For Democracy (ZCD) ပါတီဟာ တီးတိန်နဲ့ တွန်းဇံမြို့နယ်တို့တွင် မဲဆန္ဒနယ် (၆) နေရာတွင်အနိုင်ရခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီး (၁) နေရာ ရရှိခဲ့ပါတယ်။

Zalen ad

(Zawgyi)
ZCD ပါတီဥကၠဌ ဝါရင့္ႏိုင္ငံေရးသမား ပူးက်င္ရွန္းထန္ ကြယ္လြန္

ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္(ZCD) ပါတီဥကၠဌ ပူးက်င္ရွန္းထန္ (၈၃ႏွစ္)ဟာ ယေန႔ (ဇူလိုင္ ၃၁ရက္) ညေန ၅:၃၅ မိနစ္တြင္ ကေလးၿမိဳ႕ရွိ ၎ေနအိမ္တြင္ ကြယ္လြန္သြားတယ္လို႔သတင္းရရွိပါတယ္။

ပူးက်င္ရွင္းထန္ဟာ ၁၉၉၀ ခုႏွစ္အေထြေထြေ႐ြးေကာက္ပြဲတြင္လည္း Zomi National Congress (ZNC) ပါတီျဖင့္ တီးတိန္ၿမိဳ႕နယ္မဲဆႏၵနယ္ကေနဝင္ေရာက္ယွဥ္ၿပိဳင္ရာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ၁၉၉၂ ခုႏွစ္တြင္ စစ္အစိုးရက ZNC ပါတီကို ဖ်က္သိမ္းၿပီး ဦးသိန္းစိန္လက္ထက္တြင္ ZCD ပါတီနဲ႔ျပန္လည္မွတ္ပုံတင္ခဲ့ပါတယ္။

၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ တီးတိန္ၿမိဳ႕ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ေ႐ြးခ်ယ္ခံခဲ့ပါတယ္။ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာေတာ့ ဝင္ေရာက္မယွဥ္ၿပိဳင္ေတာ့ဘဲ ပါတီဥကၠဌတာဝန္သာ ထမ္းေဆာင္ခဲ့တယ္။

၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ Zomi Congress For Democracy (ZCD) ပါတီဟာ တီးတိန္နဲ႔ တြန္းဇံၿမိဳ႕နယ္တို႔တြင္ မဲဆႏၵနယ္ (၆) ေနရာတြင္အႏိုင္ရခဲ့ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕တြင္ ဝန္ႀကီး (၁) ေနရာ ရရွိခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်