Zomi Donghu Kipawlna အဖွဲ့က ပလက်ဝစစ်ဘေးရှောင်ပြည်သူတွေကို ကျပ်သိန်း ၁၆၀ ကျော်လှူဒါန်း
ချင်းပြည်နယ် ပလက်ဝစစ်ဘေးရှောင်ပြည်သူတွေကို တီးတိန်၊ တွန်းဇံ၊ ကလေး၊ ရန်ကုန်မြို့နဲ့ KVBC-Kalay တို့က ကျပ် ၁၆,၉၇၀,၄၅၀ကျပ်တိတိကို ခူမိးအမျိုးသားပါတီဒုဥက္ကဌ ဦးကံလင်းထံ ယနေ့ပေးအပ်ကြောင်း သတင်းရရှိပါတယ်။
ယင်းအလှူငွေကို Zomi Donghu Kipawlna ဇိုမီးလူမှုကယ်ဆယ်ရေးကော်မတီက ဇွန်လကစပြီး ဦးဆောင်ကောက်ခံတာဖြစ်ပါတယ်။
ယင်းအလှူငွေကို တီးတိန်မြို့ FBBC ကျမ်းစာကျောင်းသို့ရောက်လာတဲ့ ဦး ကံလင်း အလှူငွေအပ်နှံကြပါတယ်။
အလှူငွေကောက်ခံရရှိတဲ့စာရင်းကတော့ တီးတိန်မြို့နယ်မှ ၇,၂၀၀,၄၀၀ကျပ်၊ တွန်းဇံမြို့နယ်မှ ၃,၂၈၆,၀၅၀ ကျပ်၊ ကလေးမြို့နယ်မှ ၄,၀၀၀,၀၀၀ကျပ်၊ ရန်ကုန်မြို့မှ ၉၉၄,၄၀၀ကျပ်၊ KVBC-Kalay မှ ၁,၄၈၉,၆၀၀ ကျပ်တို့ဖြစ်ပါတယ်။
လက်ရှိ ပလက်ဝမြို့နယ်တွင် တိုက်ပွဲရှောင် အိမ်ထောင်စု (၂၅၅)စု၊ လူဦးရေ(၁၃၄၀)ဦးတို့ နေရပ်စွန့်ခွာထွက်ပြေးနေကြပါတယ်။