ZRA-EC တပ်ဖွဲ့ စစ်ကောင်စီနဲ့ ပေါ်ပေါ်တင်တင် ပူးပေါင်းလာပြီလို့ PDF-Zoland အသိပေးထုတ်ပြန်

မတ်လ ၁၆ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ Zomi Revolutionary Army- Eastern Command (ZRA-EC) ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေပြီလို့ Zomi Federal Union (ZFU) / PDF-Zoland က မတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အရင်က ZRA-EC ဟာ စစ်ကောင်စီနဲ့ လျှို့ဝှက်စွာ ဆက်သွယ်တာ၊ လက်နက်ခဲယမ်း အကူအညီယူတာတွေ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ စစ်ကောင်စီရဲ့ လက်အောက်ခံအဖြစ် ပူးပေါင်းဆောင်ရွက်တာတွေက ပိုပြီး ထင်ရှားလာတယ်လို့ သိရပါတယ်။

“တပ်ကုန်းမှာ ပင်စင်ထုတ်တဲ့သူတွေ ပြောတာကြာပြီ၊ အထဲမှာ ဗမာစကားမတတ်တဲ့ တပ်သားတွေ တွေ့နေရတယ်။ ချင်းလိုတွေ ပြောနေကြတာ။ စစ်တပ်ယူနီဖောင်း ဝတ်ထားကြတာ။ အဲဒီမှာ အင်အားဖြည့်ပြီး သူတို့ လုံခြုံရေး ယူပေးနေတာ။ တီးတိန်မြို့ပေါ်မှာ ရွေးကောက်ပွဲကာလတုန်းကဆို သူတို့က လုံခြုံရေး ယူပေးတာ။ ပေါ်ပေါ်တင်တင်ပဲ သွားလာနေကြတာ” လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။

Zalen ad

PDF-Zoland ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ZRA-EC ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အတူတကွ စားသောက်၊ နေထိုင်၊ သွားလာနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ဟာ ပြည်သူ့ဘက်တော်သား လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တော့ဘဲ စစ်ကောင်စီရဲ့ လက်ပါးစေတွေပဲ ဖြစ်သွားပြီလို့ ပြည်သူတွေကို အသိပေးထားပါတယ်။

Zomi Revolutionary Army (Eastern Command) ဟာ ၂၀၁၃ ခုနှစ်မှာ Pu Zo Thang က ဦးစီးပြီး မြန်မာနိုင်ငံထဲက ဇိုမီးလူမျိုးတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ မဏိပူရ်ပြည်နယ် အခြေစိုက် ZRO/ZRA ဌာနချုပ်ရဲ့ လက်အောက်ခံ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုလည်း ဖြစ်ပါတယ်။

သူတို့ဟာ ချင်းပြည်နယ် မြောက်ပိုင်းက တီးတိန်၊ တွန်းဇံ၊ ကျီခါး နဲ့ ကလေးကဘော် ဒေသတွေမှာ အဓိက ခြေကုပ်ယူ လှုပ်ရှားကြပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

Mary

နောက်ဆုံးရသတင်းများ

(၉၈) ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ One Battle After Another က အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ထိပ်တန်းဆုတွေသိမ်းပိုက်

မတ် ၁၆၊ ၂၀၂၆Zalen အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Dolby Theatre မှာ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ (၉၈) ကြိမ်မြောက် အော်စကာဆုနှင်းသဘင်အခမ်းအနား (98th Academy Awards) ကို မြန်မာစံတော်ချိန် ဒီနေ့ မနက်မှာ ...

ဆက်ဖတ်ရန်