မင်းပြားမြို့နယ်မှာ AA က အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်သွားတဲ့ ချင်းအမျိုးသားတွေ အဆက်သွယ်ပြတ်

၃၊ ဇွန်လ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ချင်းကျေးရွာတွေက ချင်းလူမျိုးတွေကို အာရက္ခတပ်တော်(AA)က စစ်မှုထမ်းဖို့ ခေါ်သွားတဲ့ လူတွေဟာ မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြတ်နေတယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်ရှိ ချင်းရွာတွေက ချင်းအမျိုးသားတွေကို ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်ကစလို့ တစ်ရွာကို ၁၀ ယောက်နှုန်းနဲ့ AA က စစ်မှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်သွားတာဖြစ်ပြီး သူတို့တွေဟာ ဒီနေ့အထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရဘဲ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ချင်းရွာတွေက ၁ ရွာကို ၁၀ ယောက်စီ AA က စစ်မှုထမ်းဖို့ ခေါ်သွားတာပါ။ သူတို့ ခေါ်သွားပြီးကတည်းက အဆက်သွယ်လည်း မရဘူး။ အခု သေသလား၊ ရှင်သလား မသိရဘူးဖြစ်နေတယ်။ မိသားစုတွေက အရမ်းစိတ်ပူနေရပါတယ်။”လို့ AA ရဲ့ စစ်မှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ မိသားစုဝင် တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် AA က မင်းပြားမြို့နယ်ရှိ ချင်းရွာတွေက နောက်ထပ် တစ်ရွာကို ချင်းအမျိုးသား ၅ ဦးနဲ့ ချင်းအမျိုးသမီး ၅ ဦး ထပ်မံ ပေးဆောင်ရမယ်လို့ ပြောဆိုထားတာကြောင့်ဒေသခံ ချင်းလူမျိုးတွေဟာ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“အခုလည်း ချင်းရွာတွေက တစ်ရွာကို ကျား ၅ ယောက်နဲ့ မ ၅ ယောက် ထပ် ပေးရမယ်တဲ့။ ကျွန်တော်တို့ ရွာမှာမနေရဲတော့ဘူး။ မလုံခြုံသလို ခံစားရတယ်။ နေ့စဥ် စိုးရိမ်နေတယ်။ ထွက်ပြေးမယ်ဆိုလည်း လမ်းတွေ အားလုံး ပိတ်ထားတယ်။ လမ်းစရိတ်ကလည်း အရမ်းစျေးကြီးတယ်။”လို့ မင်းပြားဒေသခံတစ်ဦးက ဆိုပါတယ်။

မင်းပြားမြို့နယ်အပြင် မြောက်ဦး၊ အမ်း၊ မြေပုံမြို့နယ်ဘက်မှာလည်း ချင်းရွာတွေမှာ AA က စစ်မှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – ဗခက်

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်