ကမ္ဘောဒီယားနဲ့ ထိုင်းနိုင်တို့ကြား နယ်စပ်ပဋိပက္ခတွေ ပြန်လည်စတင်ပြီး တစ်ကျော့ပြန်ပစ်ခတ် မှုတွေပြန်ဖြစ်လာ

ဒီဇင်ဘာ ၈၊၂၀၂၅

Zalen

ကမ္ဘောဒီယား – ထိုင်းနိုင်ငံ နယ်စပ်ပဋိပက္ခတွေ ပြန်လည်စတင်လာပြီး တစ်ကျော့ပြန်ပစ်ခတ်မှုတွေထပ်ဖြစ်လာပြီလို့ ထိုင်းအခြေစိုက် သတင်းဌာန Bangkok Post ကဖော်ပြထားပါတယ်။

အဲဒီ ပစ်ခတ်မှုက မနေ့က ဒီဇင်ဘာ ၇ ရက်(တနင်္ဂနွေ) မွန်းလွဲ ပိုင်းမှာ စစ်တကောင်းခရိုင်အတွင်း နှစ်နိုင်ငံလက်နက်ကိုင် တွေအကြား ၃၅ မိနစ်ကြာ ထိတွေ့မှုတွေ စတင် ဖြစ်ပွားခဲ့တာကနေ စတင်လာတာဖြစ်တယ်လို့ဆိုပါတယ်။

Zalen ad

အဆိုပါ ထိတွေ့မှုဖြစ်စဉ်မှာ ထိုင်းစစ်သား နှစ်ဦး ဒဏ်ရာရခဲ့ပြီး ၊အဲဒီနောက် ထိုင်းအစိုးရကအရှေ့မြောက်ပိုင်း ပြည်နယ်လေးခုရှိ နယ်စပ်အသိုင်းအဝိုင်းက ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းရန် ညွန်ကြားခဲ့တာလို့‌ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ဒီဇင်ဘာလ ၈ ရက်တနင်္လာ နေ့ မနက်ပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘွန်ရာ့ချ်ထာနီ (Ubon Ratchathani) ခရိုင်ရှိ နေရာများကိုလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် ထိုင်းစစ်သားတစ်ဦး ကျဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ထိုင်း လေတပ်ကလည်း နယ်စပ်တစ်လျှောက် ကမ္ဘောဒီးယား စစ်တပ် စစ်ရေးပစ်မှတ်တွေကို လေယာဉ်နဲ့ ပြန်လည်ဗုံးကြဲ ခဲ့တယ်လို့ သတင်းတွေကဖော်ပြပါတယ်။

ကမ္ဘောဒီးယား – ထိုင်းနိုင်ငံတို့ရဲ့ နယ်စပ် အငြင်းပွားဖွယ်ရာပဋိပက္ခ များက ပြီးခဲ့တဲ့ မေလ မှာ ပြန်လည် စတင်လာခဲ့တာဖြစ်ပေမဲ့ ဇူလိုင်လတုန်းက အမေရိကန်ရဲ့ အကူအညီနဲ့ နှစ်နိုင်ငံကြားပစ်ခတ်မှုကို သဘောတူရပ်စဲခဲ့တာလည်းဖြစ်ပါတယ်။

သတင်း – လူအေး

နောက်ဆုံးရသတင်းများ

မြန်မာရှိ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ဒရုန်းပေးပို့မှုတို့ဖြင့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယမှာ ဖမ်းဆီး

မတ် ၁၇၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အမေရိကန်နိုင်ငံသား ...

ဆက်ဖတ်ရန်