အိန္ဒိယနယ်စပ်မှာ မိုးသီးကျလို့ အခမဲ့ ဘော်ဒါဆောင်အပါအဝင် စစ်ရှောင်နေအိမ် ၁၉ လုံးအမိုး ပေါက်ပြဲ

မတ် ၁၇၊ ၂၀၂၆။

Zalen

အိန္ဒိယ-မြန်မာနယ်စပ်တစ်‌နေရာ မှာ မိုးသီးကျလို့ အိန္ဒိယနယ်စပ်မှာ ခိုလုံနေတဲ့ စစ်ဘေးရှောင် အခမဲ့ဘော်ဒါဆောင်အပါအဝင် စစ်ဘေးရှောင်နေအိမ် ၁၉လုံး ခေါင်မိုးပေါက်ပြဲပျက်ဆီးသွားတယ်လို့ စစ်ရှောင်များထံကသိရပါတယ်။

မတ်လ ၁၅ရက်နေ့ ညနေ ၂နာရီခွဲခန့်က အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် တနေရာမှာ မိုးသီးအဆမတန် ကျခဲ့လို့ စစ်ရှောင်ကလေးများ အခမဲ့ ဘော်ဒါဆောင်နဲ့ စစ်ရှောင်နေအိမ် ၁၉ လုံးအခုလိုအမိုးပေါက်ပြဲပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။

Zalen ad

” မိုးသီးကျတာ ၁၅ ရက်နေ့ကပါ။ အချိန်က ညနေပိုင်း၂နာရီခွဲလောက်မှာစကျတာ။ မိုးသီးလုံးကကြီးတယ်ဗျ။ အိမ်ခေါင်မိုးတွေပေါက်ပြဲကုန်တယ်။ အခမဲ့ဘော်ဒါဆောင်နဲ့ စစ်ရှောင်အိမ် ၁၉လုံးပျက်ဆီးတယ်။ အဆောင်မှာက မိုးရွာရင်အိမ်လို့မရတော့ဘူးဗျ။ ဒီနေ့ထိ လေတိုက်လိုက် မိုးရွာလိုက်ဆိုတော့ အဆင်ပြေသလိုဘဲ နေကြရတာပါဘဲ” လို့ အခမဲ့ ဘော်ဒါဆောင် တာဝန်ခံဆရာက Zalen ကိုပြောပါတယ်။

အခုလိုမိုးသီးကြွေ ကျလို့ ပျက်ဆီးသွားတဲ့ အခမဲ့ဘောဒါဆောင်အပါအဝင် စစ်ရှောင်မိသားစုတို့ဟာ ယာယီလုံခြုံတဲ့နေရာမှာ ခိုလှုံနေကြရပြီး အကူအညီလိုအပ်နေတယ်လို့သိရပါတယ်။

မတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၂နာရီခန့်မှာလည်း အိန္ဒိယနယ်စပ်တနေရာမှာ လေပြင်းတိုကခတ်လို့ စစ်ရှောင်နေအိမ် ၇လုံးကျော် အမိုးလှန်ပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။

သတင်း – စနေသား

ပုံစာ – မိုးသီးကျလို့အမိုးပေါက်ပြဲပျက်ဆီးသွားတဲ့ စစ်ရှောင်နေအိမ်များအားတွေရစဉ်။

ဓာတ်ပုံ – စစ်ရှောင်တဦး ပေးပို့

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်