ကလေးမြို့တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ (၁၁)ဦးတွေ့ရှိ၊ စုစုပေါင်းလူနာ (၆၁)ဦးကုသနေဆဲ

ကလေးမြို့နယ်တွင် နိုဝင်ဘာလ (၅)ရက်တွင် ကိုဗစ်-၁၉ ရောဂါလူနာသစ် (၁၁)ဦးတွေ့ရှိတယ်လို့ ကလေးကိုဗစ်သတင်းနှင့်ပြန်ကြားရေးကော်မတီကထုတ်ပြန်ထားပါတယ်။

အခုတွေ့ရှိတဲ့လူနာသစ်တွေဟာ Positive လူနာတွေရဲ့ Contact တွေကို ဓါတ်ခွဲနမူနာရယူပြီး Test Kit ဖြင့် စစ်ဆေးသူ (50) ဦးထဲမှဖြစ်ပါတယ်။

လူနာသစ်အားလုံးဟာ ကလေးမြို့တွင်းမှဖြစ်ပြီး ကျေးရွာတွေမှာလည်း လူနာသစ်တွေတွေ့ရှိနေပြီလို့လည်းသိရပါတယ်။

လက်ရှိ ကလေးမြို့ တိုင်းရင်းဆေးရုံနဲ့ အိတ်စွပ်အိမ်ယာတွင် ကိုဗစ် လူနာ (၆၁)ဦးကုသနေဆဲဖြစ်ပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာလ အတွင်းပိုးတွေ့လူနာ (၂၁၄)ဦးရှိပါပြီ။ အောက်တိုဘာလတွင်း ပိုးတွေ့လူနာ (၅၂)ဦးရှိပြီး နိုဝင်ဘာလတွင် လူနာ (၁၁၄)ဦးတွေ့ရှိပါတယ်။

Zalen ad

(Zawgyi)

ကေလးၿမိဳ႕တြင္ တစ္ရက္အတြင္း ကိုဗစ္လူနာ (၁၁)ဦးေတြ႔ရွိ၊ စုစုေပါင္းလူနာ (၆၁)ဦးကုသေနဆဲ

ကေလးၿမိဳ႕နယ္တြင္ ႏိုဝင္ဘာလ (၅)ရက္တြင္ ကိုဗစ္-၁၉ ေရာဂါလူနာသစ္ (၁၁)ဦးေတြ႔ရွိတယ္လို႔ ကေလးကိုဗစ္သတင္းႏွင့္ျပန္ၾကားေရးေကာ္မတီကထုတ္ျပန္ထားပါတယ္။
အခုေတြ႔ရွိတဲ့လူနာသစ္ေတြဟာ Positive လူနာေတြရဲ႕ Contact ေတြကို ဓါတ္ခြဲနမူနာရယူၿပီး Test Kit ျဖင့္ စစ္ေဆးသူ (50) ဦးထဲမွျဖစ္ပါတယ္။
လူနာသစ္အားလံုးဟာ ကေလးၿမိဳ႕တြင္းမွျဖစ္ၿပီး ေက်းရြာေတြမွာလည္း လူနာသစ္ေတြေတြ႔ရွိေနၿပီလုိ႔လည္းသိရပါတယ္။
လက္ရွိ ကေလးၿမိဳ႕ တုိင္းရင္းေဆးရံုနဲ႔ အိတ္စြပ္အိမ္ယာတြင္ ကိုဗစ္ လူနာ (၆၁)ဦးကုသေနဆဲျဖစ္ၿပီး ေအာက္တုိဘာလနဲ႔ ႏိုဝင္ဘာလ အတြင္းပိုးေတြ႔လူနာ (၂၁၄)ဦးရွိပါၿပီ။ ေအာက္တုိဘာလတြင္း ပိုးေတြ႔လူနာ (၅၂)ဦးရွိၿပီး ႏိုဝင္ဘာလတြင္ လူနာ (၁၁၄)ဦးေတြ႔ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်