တွန်းဇံမှာ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ တစ်ရွာကို ငွေကျပ်သိန်း ၃၀ စီ ကောက်ခံနေလို့ ဒေသခံတွေ စိုးရိမ်နေ


ဇွန် ၂၀၊ ၂၀၂၆

Zalen ad

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း ဒေသတွင်း ပညာရေးဌာန တာဝန်ရှိသူတချို့က ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုပြီး ဒေသခံတွေဆီကနေ ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တွန်းဇံမြို့နယ် ပညာရေးမှူးက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ကျေးရွာတစ်ရွာကို ငွေကျပ် ၃၀ သိန်းစီ တောင်းခံနေတယ်ဆိုတဲ့သတင်းတွေ ဒေသခံတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

” ကျောင်းတော့ ပြန်ဖွင့်စေချင်ပါတယ်၊ ပိုက်ကိစ္စကတော့ တစ်ရွာ သိန်း ၃၀ က များလွန်းတယ်။ စစ်ရှောင်ရ ပြေးရနဲ့ အလုပ်ကောင်းကောင်းမလုပ်ရတော့ စား၀တ်နေရေးတောင် အဆင်မပြေတာ၊ အဲလောက် ပေးရရင် အဆင်မပြေဘူး။ ” လို့ ဒေသခံတစ်ဦးးက ပြောပါတယ်။

ဒီလိုမျိုး ကျောင်းဖွင့်ဖို့အတွက် ငွေကြေးအမြောက် အများ တောင်းခံနေတာကြောင့် ငွေကြေးအခက်အခဲရှိတဲ့ ကျေးရွာတွေက မိဘပြည်သူတွေနဲ့ ဒေသခံတွေဟာ သူတို့ရဲ့ ကလေးငယ်တွေ ရှေ့ဆက်ပညာသင်ကြားနိုင်မယ့် အခြေအနေအပေါ် စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုရပါတယ်။

လက်ရှိ တွန်းဇံမြို့နယ်မှာ စုစုပေါင်း ကျေးရွာအုပ်စု ၂၉ အုပ်စု ရှိပြီး၊ ကျေးရွာပေါင်း ၇၈ ရွာ ရှိပါတယ်။

ဇွန် ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်ထဲက ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းဆောင်ဖို့ Non-CDM ဝန်ထမ်းတွေနဲ့ ဒေသခံတွေကို ပြန်၀င်ရောက်လာခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မြန်မာနဲ့ တရုတ်ပေါင်းပြီး ဂြိုဟ်တုငယ်တလုံးလွှတ်ဖို့ စီစဉ်နေ

ဇွန် ၂၀၊ ၂၀၂၆Zalen အာဏာသိမ်း စစ်ခေါင်းဆောင်မင်း‌အောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းပြီးတော့ ဂြိုဟ်တုအငယ်စားတစ်လုံး လွှတ်တင်‌ရေးဆွေးနွေးခဲ့တယ်လို့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။ “သမ္မတကြီးရဲ့ ဒီတရုတ်ခရီးစဉ်ကနေ အာကာသနည်းပညာဆိုင်ရာကိစ္စတွေမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ...

ဆက်ဖတ်ရန်