ကလေးမြို့တွင် နာရေးကူညီမှုအသင်းတွေထံ အလှည့်ကျနဲ့အောက်ဆီဂျင်ပေးဝေတော့မယ်

ပြည်သူ့အလှူငွေနဲ့ဝယ်ယူထားတဲ့ ကလေးမြို့ အောက်ဆီဂျင်စက်ကထုတ်လုပ်တဲ့ အောက်ဆီဂျင်တွေကို နာရေးကူညီမှုအသင်း ၃ သင်းထံ အလှည့်ကျနဲ့ ပေးဝေတော့မယ်လို့ကော်မတီက ဒီနေ့ ဇူလိုင် ၂၀တွင် ဆုံးဖြတ်ကြပါတယ်။

ယင်းအောက်ဆီဂျင်စက်ဟာ တစ်ရက်မှာ လီတာ ၄၀ ဆံ့ အိုး ၃၀ မှ ၄၀ ကြားထုတ်လုပ်နိုင်ပါတယ်။

တိုင်းရင်းဆေးရုံကိုဗစ်စင်တာနဲ့ အိတ်စွပ်စင်တာကို တစ်ရက် ၄ ဗူးစီပုံမှန်ပေးမှာဖြစ်ပြီး ကျန်တဲ့ဗူးတွေကို နာကူအသင်းထံဆက်လက်ပေးဝေမှာဖြစ်ပါတယ်။

အလှည့်ကျအစီအစဉ်ကို မနက်ဖြန် ဇူလိုင် ၂၁ ရက်တွင်စတင်မှာဖြစ်ပြီး အောက်ဆီဂျင်လိုအပ်သူများ ယင်းအသင်းထံသွားရောက်ဖြည့်နိုင်မှာဖြစ်ပါတယ်။

ဇူလိုင် ၂၁ ရက် ပုညကုသလအသင်း 09-400534470
ဇူလိုင် ၂၂ ရက် ကာယကံမေတ္တာအသင်း 09-400309807
ဇူလိုင် ၂၃ ရက် ဇောဘု (Zawlbuk) အသင်း 09-400544443
ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်