မီဇိုရမ်ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ရိခေါဒါရ်မြို့ကိုသွားရောက်

၇၊ ဇူလိုင်လ၊ ၂၀၂၅

Zalen

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ရဲ့အကြံပေးပုဂ္ဂိုလ် ပူးလာလ်မွာန်ပွီးရာ ( Pu Lalmuanpuia) ဦးဆောင်တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (Advocacy Group For Peace) အဖွဲ့ဟာ မနေ့ဇူလိုင်လ ၆ ရက်နေ့မှာ CNO/CNDF နဲ့ HPO/CDF-Hualngo တို့ကြားပဋိပက္ခဖြစ်နေတဲ့ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ကို သွားရောက်ခဲ့ပါတယ်။

ယခုလိုသွားရောက်ခြင်းဟာ ပဋိပက္ခကြောင့် စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူများအားနှစ်သိမ့်ပေးဖို့နဲ့ သူတို့ရဲ့ လက်ရှိ မြေပြင်အခြေအနေမှန်ကိုသိရှိနိုင်ရန်ဖြစ်တယ်လို့သိရပါတယ်။

Zalen ad

ဒါ့အပြင် CNO/CNDF နဲ့ HPO-CDF-Hualngo တာဝန်ရှိသူများနဲ့လည်းတွေ့ဆုံပြီး ဒီပဋိပက္ခအတွင်း အပြစ် မရှိတဲ့ အမျိုးသမီးနဲ့ကလေးငယ်များအပေါ် ဒုက္ခမပေးကြဖို့ မှကြားထားတယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်မှာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့အနေဖြင့် စိတ်မကောင်းဖြစ်ကာ လက်နက်ကိုင်အဖွဲ့အစည်းများ အကြား အမြန်ဆုံးငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက်လည်း ဆက်လက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။

မီဇိုရမ်ကနေရောက်ရှိလာတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှာ မီဇိုးကျောင်းသားများသမဂ္ဂ ( Mizo Zirlai Pawl – MZP ) ဥက္ကဌ Pu H. Lalthianghlima နဲ့ ဒုဥက္ကဌ Pu C.Lalhmingsanga တို့ပါလိုက်ပါခဲ့ကြတယ်လို့သိရပါ တယ်။

အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့ကို CDF-Hualngo အပါအဝင် ချင်းပြည်ကောင်စီ ပူးပေါင်း တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာစစ်ကောင်စီလက်အောက်ကနေသိမ်းပိုက်ခဲ့ပြီး ယခုရက်ပိုင်းပဋိက္ခအတွင်း ဇူလိုင်လ ၅ ရက်နေ့မှာ CNO/CNDF က ပြန်လည်ထိန်းချုပ်ထားပါတယ်။

သတင်း – Mickey

ပုံအညွှန်း – ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးစဉ်

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်