ကလေးမြို့နယ်တိုက်ပွဲတွင် PDF Kalay အဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရ

ကလေးမြို့နယ် အနောက်မြောက်ဘက် ပြည်တော်သာကျေးရွာနားမှာ ဒေသကာကွယ်ရေးတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဧပြီ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် PDF Kalay တပ်ရင်း (၃)က ရဲဘော် ၃ ဦးကျဆုံးကာ ၆ ဦးဒဏ်ရာရရှိကြတယ်လို့သတင်းရရှိပါတယ်။

ဒဏ်ရာရရှိသူတွေဟာ လက်နက်ကြီးကျည်ထိမှန်လို့ဒဏ်ရာရရှိကြတာဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ တာဝန်ရှိသူတွေထံမှသိရတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မိုင်နွှဲရွာဘက်ကနေ စစ်ကြောင်း ၁ ကြောင်း၊ ကျောင်းတိုက်နဲ့ ဆည်တော်ဦးရွာဘက်ကနေ စစ်ကြောင်း ၁ စုစုပေါင်း စစ်ကြောင်း ၂ ကြောင်းနဲ့ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ပြည်တော်သာကျေးရွာအနီးဝန်းကျင်မှာ  PDF (Kalay) ၊ Zomi PDF ၊ PDA ၊ CNDF ၊ CDM (Siyin) ၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲများနဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီထိ တိုက်ပွဲဖြစ်ပွားကြပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးမယ်လို့ယူဆကြောင်း PDF Kalay ကထုတ်ပြန်ထားပါတယ်။

ယင်းနေ့ညနေပိုင်းမှာ နန်းချောင်းရွာကနေ ဆည်တော်ဦး၊ ကျောင်းတိုက်ရွာဘက်သို့ စစ်ကောင်စီတပ်သားတွေပြန်လည်ဆုတ်ခွာခဲ့ကြပါတယ်။

Zawgyi

ကေလးၿမိဳ႕နယ္တိုက္ပြဲတြင္ PDF Kalay အဖြဲ႕ဝင္ ၃ ဦးက်ဆုံးၿပီး ၆ ဦးဒဏ္ရာရ

ကေလးၿမိဳ႕နယ္ အေနာက္ေျမာက္ဘက္ ျပည္ေတာ္သာေက်း႐ြာနားမွာ ေဒသကာကြယ္ေရးတပ္နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ ဧၿပီ ၁၃ ရက္ေန႔က တိုက္ပြဲျဖစ္ပြားတာေၾကာင့္ PDF Kalay တပ္ရင္း (၃)က ရဲေဘာ္ ၃ ဦးက်ဆုံးကာ ၆ ဦးဒဏ္ရာရရွိၾကတယ္လို႔သတင္းရရွိပါတယ္။

ဒဏ္ရာရရွိသူေတြဟာ လက္နက္ႀကီးက်ည္ထိမွန္လို႔ဒဏ္ရာရရွိၾကတာျဖစ္ၿပီး အသက္အႏၲရာယ္စိုးရိမ္စရာမရွိဘူးလို႔ တာဝန္ရွိသူေတြထံမွသိရတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ မိုင္ႏႊဲ႐ြာဘက္ကေန စစ္ေၾကာင္း ၁ ေၾကာင္း၊ ေက်ာင္းတိုက္နဲ႔ ဆည္ေတာ္ဦး႐ြာဘက္ကေန စစ္ေၾကာင္း ၁ စုစုေပါင္း စစ္ေၾကာင္း ၂ ေၾကာင္းနဲ႔ အင္အား ၃၀၀ ခန႔္ျဖင့္ စစ္ေၾကာင္းထိုးလာရာ ျပည္ေတာ္သာေက်း႐ြာအနီးဝန္းက်င္မွာ PDF (Kalay) ၊ Zomi PDF ၊ PDA ၊ CNDF ၊ CDM (Siyin) ၊ ပ.က.ဖ ပူးေပါင္းတပ္ဖြဲမ်ားနဲ႔ မနက္ ၁၀ နာရီကေန ညေန ၃ နာရီထိ တိုက္ပြဲျဖစ္ပြားၾကပါတယ္။

အဲ့ဒီတိုက္ပြဲမွာ စစ္ေကာင္စီဘက္က အနည္းဆုံး ၅ ဦးေသဆုံးမယ္လို႔ယူဆေၾကာင္း PDF Kalay ကထုတ္ျပန္ထားပါတယ္။

ယင္းေန႔ညေနပိုင္းမွာ နန္းေခ်ာင္း႐ြာကေန ဆည္ေတာ္ဦး၊ ေက်ာင္းတိုက္႐ြာဘက္သို႔ စစ္ေကာင္စီတပ္သားေတြျပန္လည္ဆုတ္ခြာခဲ့ၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်