ကလေးမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ ၁၇ ဦးသေဆုံးပြီး CNDF ရဲဘော်တစ်ဦးကျဆုံး

ကလေးမြို့ တောင်ပိုင်းတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် စစ်ကောင်စီယာဉ်တန်းကို ၄ ကြိမ်မိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား ၁၇ ဦးသေဆုံးကာ လက်နက်ကြီးထိမှန်လို့ CNDF ရဲဘော်တစ်ဦးကျဆုံးသွားတယ်လို့ PDF (Kalay) ကထုတ်ပြန်ထားပါတယ်။

ကလေးမြိုတောင်ပိုင်း ရန်ကြီးအောင်ရွာဘက်ကနေ ကလေးမြိုဘက်သို ဦးတည်မောင်းနှင်လာတဲ့ စစ် ကား ၈ စီးကို အောင်ချမ်းသာရွာနဲ့ ချောင်းခွရွာအကြားတွင် PDF (Kalay) ၊ CNDF ၊ CDF (KKG) ၊ RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲများက ယနေ့နံနက် ၁၀ နာရီ ခွဲအချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ပြီး တပြိုင်နက်တည်း လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ဦးခန့်သေဆုံးပြီး ပူးပေါင်းတပ်ဖွဲများဘက်မှ CNDF ရဲဘော် ၁ ဦး လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲဝင်ရဲဘော် စုစုပေါင်း ၅ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။

ဆက်လက်၍ ကလေးမြိုဘက်သို‌့ တဖြည်းဖြည်းရွေ့လျားလာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို PDF (Kalay) တပ်ဖွဲဝင်များက မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် နတ်မြောင်းရွာနဲ့ စည်သာရွာအကြား၌ ၂ ကြိမ်၊ ညနေ ၅ နာရီခန့်တွင် စည်သာရွာနဲ့ ကြာအင်းရွာအကြား၌ ၁ ကြိမ် အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီကား ၁ စီး ထိမှန်ပျက်စီးသွားပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်သား စုစုပေါင်း ၈ ဦးခန့် မိုင်းထိမှန်သေဆုံးကြောင်းသိရတယ်။

မိုင်းထိမှန်ပျက်စီးသွားသော ကား ၁ စီးကိုလည်း စည်သာရွာအနီးတွင် ပစ်ထားခဲ့ကြတယ်။ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းဟာ ကြာအင်းရွာမှတဆင့် ထောက်ကြန့်ရွှာသို့ရောက်ရှိပြီး ညနေ ၇ နာရီအချိန်ထိ ထောက်ကြန့်ရွာသိုမှ ရှေ့ဆက်မတက်နိုင်သေးကြောင်း သိရတယ်။

ယနေ့တိုက်ပွဲနဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၄ ကြိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား စုစုပေါင်း ၁၇ ဦးခန့် သေဆုံးပြီး ပြည်သူ့ကာကွယ်‌ရေး ပူးပေါင်းတပ်ဖွဲများဘက်မှ ရဲဘော် ၁ ဦး နိုင်ငံတော်သစ်အတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပါတယ်။

Zawgyi

ကေလးၿမိဳ႕နယ္တုိက္ပြဲတြင္ စစ္ေကာင္စီ ၁၇ ဦးေသဆံုးၿပီး CNDF ရဲေဘာ္တစ္ဦးက်ဆံုး

ကေလးၿမိဳ႕ ေတာင္ပိုင္းတြင္ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔က ယေန႔ ေဖေဖာ္ဝါရီ ၇ ရက္တြင္ စစ္ေကာင္စီယာဥ္တန္းကို ၄ ၾကိမ္မိုင္းဆြဲတုိက္ခိုက္ၿပီး စစ္သား ၁၇ ဦးေသဆံုးကာ လက္နက္ၾကီးထိမွန္လို႔ CNDF ရဲေဘာ္တစ္ဦးက်ဆံုးသြားတယ္လုိ႔ PDF (Kalay) ကထုတ္ျပန္ထားပါတယ္။

ကေလးၿမိဳေတာင္ပိုင္း ရန္ႀကီးေအာင္႐ြာဘက္ကေန ကေလးၿမိဳဘက္သို ဦးတည္ေမာင္းႏွင္လာတဲ့ စစ္ ကား ၈ စီးကို ေအာင္ခ်မ္းသာ႐ြာနဲ႔ ေခ်ာင္းခြ႐ြာအၾကားတြင္ PDF (Kalay) ၊ CNDF ၊ CDF (KKG) ၊ RKDF နဲ႔ ပ.က.ဖ ပူးေပါင္းတပ္ဖြဲမ်ားက ယေန႔နံနက္ ၁၀ နာရီ ခြဲအခ်ိန္ခန႔္တြင္ မိုင္းဆြဲတိုက္ခိုက္ၿပီး တၿပိဳင္နက္တည္း လက္နက္ငယ္မ်ားျဖင့္ တရစပ္ပစ္ခတ္ကာ တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၉ ဦးခန႔္ေသဆုံးၿပီး ပူးေပါင္းတပ္ဖြဲမ်ားဘက္မွ CNDF ရဲေဘာ္ ၁ ဦး လက္နက္ႀကီးထိမွန္၍ က်ဆုံးခဲ့ၿပီး ပူးေပါင္းတပ္ဖြဲဝင္ရဲေဘာ္ စုစုေပါင္း ၅ ဦး လက္နက္ႀကီးထိမွန္ဒဏ္ရာ (မစိုးရိမ္ရ)ရရွိခဲ့ပါတယ္။

ဆက္လက္၍ ကေလးၿမိဳဘက္သို‌႔ တျဖည္းျဖည္းေ႐ြ႕လ်ားလာတဲ့ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းကို PDF (Kalay) တပ္ဖြဲဝင္မ်ားက မြန္းလြဲ ၂ နာရီခြဲအခ်ိန္ခန႔္တြင္ နတ္ေျမာင္း႐ြာနဲ႔ စည္သာ႐ြာအၾကား၌ ၂ ႀကိမ္၊ ညေန ၅ နာရီခန႔္တြင္ စည္သာ႐ြာနဲ႔ ၾကာအင္း႐ြာအၾကား၌ ၁ ႀကိမ္ အသင့္တပ္ဆင္ထားေသာ မိုင္းမ်ားျဖင့္ ထပ္မံေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္ေကာင္စီကား ၁ စီး ထိမွန္ပ်က္စီးသြားၿပီး အၾကမ္းဖက္စစ္‌ေကာင္စီတပ္သား စုစုေပါင္း ၈ ဦးခန႔္ မိုင္းထိမွန္ေသဆုံးေၾကာင္းသိရတယ္။

မိုင္းထိမွန္ပ်က္စီးသြားေသာ ကား ၁ စီးကိုလည္း စည္သာ႐ြာအနီးတြင္ ပစ္ထားခဲ့ၾကတယ္။ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းဟာ ၾကာအင္း႐ြာမွတဆင့္ ေထာက္ၾကန႔္႐ႊာသို႔ေရာက္ရွိၿပီး ညေန ၇ နာရီအခ်ိန္ထိ ေထာက္ၾကန႔္႐ြာသိုမွ ေရွ႕ဆက္မတက္ႏိုင္ေသးေၾကာင္း သိရတယ္။

ယေန႔တိုက္ပြဲနဲ႔ မိုင္းဆြဲတိုက္ခိုက္မႈ ၄ ႀကိမ္အတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္သား စုစုေပါင္း ၁၇ ဦးခန႔္ ေသဆုံးၿပီး ျပည္သူ႔ကာကြယ္‌ေရး ပူးေပါင္းတပ္ဖြဲမ်ားဘက္မွ ရဲေဘာ္ ၁ ဦး ႏိုင္ငံေတာ္သစ္အတြက္ အသက္ေပးဆပ္စြန႔္လႊတ္ခဲ့ရပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်