ကလေးမြို့မှာ ပျူစောထီးတွေက နေအိမ်တွေ‌ကို ၀င်ရောက်ပြီး ခြိမ်းခြောက်ငွေကြေးတောင်း

၉၊ ဩဂုတ်၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နေပြည်တော်ရပ်ကွက်မှာ စစ်သား၀တ်စုံ၀တ်ထားတဲ့ ပျူစောထီးတွေက နေအိမ်တွေကို ၀င်ရောက်ပြီး ခြိမ်းခြောက်ငွေတောင်းရမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ဆန်းပိုင်းကစပြီး ပျူစောထီးတွေက နေပြည်တော်ရပ်ကွက်ရှိနေအိမ်တွေကို ၀င်ရောက် စစ်ဆေးပြီး တစ်အိမ်ကို ၁၀ သိန်း စီ တောင်းရမ်းနေတယ်လို့ သိရပါတယ်။

” ‌၀န်ထမ်းအိမ်ယာနားမှာ ပျူစောထီး ခြောက်ယောက်ရှိတယ်။ သူတို့က နေ့လည်ပိုင်းလောက်စပြီး ရပ်ကွက်ထဲ နေအိမ်တွေကို ၀င် စစ်၊ ၀င်မွှေပြီး ပိုက်ဆံတောင်းနေတာ၊ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေကိုလည်း စစ်တယ်။ ကလေးကို ကျောင်းကြိုဖို့တောင် မသွားရဲအောင် ဖြစ်နေပြီ။ ” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် လမ်းသွားလမ်းလာတွေကိုလည်း ဖုန်းတွေ စစ်ဆေးသလို ငွေတောင်းတာ၊ ရိုက်နှက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၈ရက်နေ့မှာ နေပြည်နယ် ရပ်ကွက်အတွင်းက နေအိမ် ငါးအိမ်လောက်ကနေ ပိုက်ဆံတွေတောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း-Helen

နောက်ဆုံးရသတင်းများ

CNO/ CNDF နဲ့ HPO/ CDF – Hualngo ပဋိပက္ခတွင်ပါ၀င်ပတ်သက်ခြင်းမရှိဟု YA ထုတ်ပြန်

၁၄ ၊ဇူလိုင် ၊၂၀၂၅ Zalen လက်ရှိဖြစ်ပေါ်နေတဲ့ ချင်းပြည်နယ်အတွင်း CNO/ CNDF နဲ့ HPO/ CDF – Hualngo ပဋိပက္ခတွင်ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း Yaw Army – YA က မနေ့က ...

ဆက်ဖတ်ရန်