ကလေးမြို့၊ တက္ကသိုလ်ကျောင်းသားများ မြို့ထဲက သူနာပြုသင်တန်းကျောင်းမှာပြောင်းရွေ့ တက်ရောက်နေကြ

၃၁၊ ဇူလိုင်၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တက္ကသိုလ်တက်နေသူတွေဟာ ရှစ်မိုင် ကလေးတက္ကသိုလ်မှာ မတက်တော့ပဲ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှာ တက်ရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လကစပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှာပဲ တက္ကသိုလ်ကျောင်းသားတွေရော၊ ဆရာ၊ ဆရာမတွေပါ ပြောင်းရွှေ့လာတာလို့ သိရပါတယ်။

ကျောင်းသား၊ ကျောင်းသား နှစ်ရာ၀န်းကျင်လောက် တက်ရောက်ကြတယ်လို့ အနီးအနား နေထိုင်သူ‌တဲ့ဒေသခံတွေက ပြောပေမယ့် Zalen အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

” ကျောင်းစဖွင့်ကတည်းက ဒီသူနာပြုကျောင်းမှာ ပြောင်းပြီး တက်ကြတာ။ သူနာပြုကျောင်းတက်တဲ့သူ‌ တွေက ကျောင်းမတက်ကြဘူးလေ၊ အရင်ကဆို ဒီတိုင်းပဲထားတာ။ အခုတက္ကသိုလ်ကျောင်းသားတွေ ဒီကိုပြောင်းပြီး တက်တော့မှ ပြန်ဖွင့်တာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားပြီး ကျောင်းရှေ့မှာလည်း ကာကင်းတွေ ချထားတယ်လို့ ဆိုပါတယ်။

က‌လေးတက္ကသိုလ်ဝင်းထဲက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ပါတယ်။

တိုက်ပွဲအတွင်းမှာ ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၃၀ ကျော်ကို ကယ်ထုတ်ထိန်းသိမ်းထားခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ချင်းဖိုက်တာ MT Timothy ဒီညနေ ကစ်ဘောက်ဆင်ပွဲထိုးမယ်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၄Zalen ချင်းလူငယ်ဖိုက်တာ MT Timothy ကတော့ နိုဝင်ဘာလ ၃၀ ရက် ဒီညနေ မလေးရှားစံတော်ချိန် ၃ နာရီဝန်းကျင် မှာ ကစ်ဘောက်ဆင်ပွဲပြန်လည်ထိုးသတ်တော့မယ်လို့သိရပါတယ်။ ချင်းဖိုက်တာဟာ ဒီတစ်ခါမှာတော့ မလေးရှား လူငယ်ဖိုက်တာ ...

ဆက်ဖတ်ရန်