တပ်ချုပ်အပြောင်းအလဲပြုလုပ်ပြီးနောက် စစ်ကောင်စီက မင်းတပ်မြို့ပေါ်ကို ဗုံးကြဲလို့ စစ်သုံ့ပန်း ၁ ဦး ဒဏ်ရာရ

မတ် ၃၁ ၊၂၀၂၆
Zalen

ချင်းပြည်တောင်ပိုင်း ၊ မင်းတပ်မြို့ ၊ အရှေ့ပြင် ရပ်ကွက်ကို ဒီကနေ့ နေ့လယ် ၁၂ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်း တဦး ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀အားရှိတဲ့ ဗုံးသီ ၂လုံးကို တပြိုင်တည်း ပစ်ခတ်ခဲ့တာဖြစ် လို့ အဆောက်အဦ ပျက်စီးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

” ကျေးလက်ရုံးကို ပစ်တာ။ အဆောက်အဦးတွေပျက်တယ်။ ဒဏ်ရာတဦးရတယ်” လို့ မင်းတပ်မြို့ပေါ်ဒေသခံ တဦးက Zalen ကိုပြောပါတယ်။

Zalen ad

စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ ဗုံး သီးထိမှန်ပြီး ဒဏ်ရာရတဲ့သူကတော့ စစ်သုံ့ပန်းတဦးဖြစ်တယ်လို့ သိရသလို ဒဏ်ရာအခြေအနေကတော့ အသေးစိတ်မသိရသေးဘူးလို့ ရှင်းပြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မတ်လ ၃၀ ရက်နေ့မှာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစား ဗိုလ်ချုပ်ကြီး ရဲ၀င်းဦး က တာ၀န်ယူ ထားတာဖြစ်ပါတယ်။

ဒါကလည်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် အပြောင်းအလဲပြုလုပ်ပြီးနောက် စစ်ကောင်စီက မင်းတပ်မြို့ကို ပထမဆုံး လေကြောင်းတိုက်ခိုက်တာပဲ ဖြစ်ပါတယ်။

သတင်း – မိုးပီအောင်
ဓာတ်ပုံ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့ ကျေးလက်ရုံး

နောက်ဆုံးရသတင်းများ

အာဖရိကမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် W.H.O က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာ

မေ ၁၈၊ ၂၀၂၆ Zalen အာဖရိကတိုက်က ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတို့မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O.) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် စနေနေ့မှာ အရေးပေါ် သတ်မှတ်ကြေညာလိုက်ပါတယ်။ ကွန်ဂိုနိုင်ငံ ...

ဆက်ဖတ်ရန်