ကလေးအကျဥ်းထောင်က လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦး ပြန်ဖမ်းဆီးခံရပြီး အမှုထပ်ဖွင့်ခံရ

၄၊ နိုဝင်ဘာ ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံ‌ရေး အကျဉ်းသား နှစ်ဦး ဖြစ်တဲ့ ကိုစည်သူနောင်နဲ့ ကိုဇော်မင်းထက်တို့ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်အရေးယူထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

သူတို့ကို ထောင်ကနေလွှတ်ပေးပြီး ထောင်အပြင်ဘက်မှာပဲ ပြန်လည်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ထောင်သားအသစ် ပြန်ဖြစ်သွားတာကြောင့် အဆောင်ခ၊ အိပ်ခန်းခ တွေအတွက် ငွေတွေ ပြန်ပေးဆောင်ရပြီး သံခြေကျင်း တစ်လ ပြန်ခတ်ခံရမှာလို့ ဆိုပါတယ်။

” အထဲမှာပဲ အမှု ထပ်ကပ်တယ်ဆိုရင် နှစ်ထပ်တိုးရုံပဲ၊ အခုက အပြင်ထွက်မှ ပြန်ကပ်တာဆိုတော့ ထောင်သား အသစ်ဖြစ်သွားတာပေါ့။ ထောင်တွင်းမှာ ကုန်ကျမယ့် ငွေကြေး‌တွေ ထပ်ကုန်တာ‌ပေါ့။ အခက်အခဲတွေလည်း ရှိတယ်၊ ကိုဗစ်အတွက်ဆိုပြီး ခြေကျင်းက တစ်လ၊ တိုက်ပိတ်တာက ၁၄ ရက် ပိတ်တယ်။ ” နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

ကိုစည်သူနောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFကို ထောက်ပံ့တယ်လို့စွပ်စွဲပြီး ၅၀၅ -က နဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး အောက်တိုဘာလ ၁၅ရက်နေ့ လွတ်ရက်စေ့လို့ ပြန်လွတ်လာပေမယ့် စစ်ကောင်စီက ပြန်လည် ဖမ်းဆီးခဲ့ပြီး ကလေးမြို့မရဲစခန်းမှာ ၅၀ ည ၊ ၅၂ (က) ပုဒ်မတွေနဲ့ တရားရုံးတင် ယမန်ယူကာ အမှုထပ်စွဲထားပါတယ်။

အလားတူ ကိုဇော်မင်းထက်ဟာ ၅၀၅ – က နဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှာ လွတ်ရက်စေ့လို့ ပြန်လွတ်လာခဲ့ပေမယ့် စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးစစ်ဌာနချုပ်(ဒကစ)ထဲကို ဖမ်းဆီးသွားခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ကိုဇော်မင်းထက်ကို ၅၀ (ည) ၊ ၅၂ (က) နဲ့ အမှုထပ်ဖွင့်ကာ အကျဉ်းထောင်ထဲပြန်ပို့ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး နိုင်ငံတစ်ဝန်းမှာ လူပေါင်းနှစ်‌ သောင်း ခုနှစ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

ချင်းဖိုက်တာ MT Timothy ဒီညနေ ကစ်ဘောက်ဆင်ပွဲထိုးမယ်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၄Zalen ချင်းလူငယ်ဖိုက်တာ MT Timothy ကတော့ နိုဝင်ဘာလ ၃၀ ရက် ဒီညနေ မလေးရှားစံတော်ချိန် ၃ နာရီဝန်းကျင် မှာ ကစ်ဘောက်ဆင်ပွဲပြန်လည်ထိုးသတ်တော့မယ်လို့သိရပါတယ်။ ချင်းဖိုက်တာဟာ ဒီတစ်ခါမှာတော့ မလေးရှား လူငယ်ဖိုက်တာ ...

ဆက်ဖတ်ရန်