ကျေးရွာကိုမီးရှို့ပြီးနောက် လှေမှောက်သေဆုံးသွားတဲ့ စစ်ကောင်းစီအလောင်း ၃ လောင်း တွေ့ရှိ

မတ္တရာမြို့နယ်ရှိ ညောင်မြစ်အတွင်း လှေမှောက်ပြီး ပျောက်ဆုံးသွားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ထဲမှာ ၃ ယောက်ရဲ့အလောင်းကို ပုတ်ပွပြီးပေါ်လာတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ မြွေပုံကန်ရွာ အရှေ့ဘက်ရှိ ညောင်မြစ်ကို မေ ၇ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခန့်က စစ်ကောင်စီတပ်သား ၇ ဦးက လှေနဲ့ ဖြတ်ကူးချိန် လှေမှောက်ပြီး ၆ ဦး ရေနစ်သေဆုံးခဲ့တာကနေ မေလ ၈ ရက်၊ မနက်က စစ်ကောင်စီတပ်သား ၃ ယောက်ရဲ့အလောင်းပေါ်လာတာလို့ တောကြီးမြွေပွေးတော်လှန်ရေးအဖွဲ့ဆီက သိရတာပါ။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ကြက်တူးရွေးကျေးရွာနဲ့ သဲအင်းကျေးရွာမှာ နှစ်ဖွဲ့ခွဲ နေခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ကြက်တူးရွေးကျေးရွာကနေ မတ္တရာမြို့နယ်ကို ညတွင်းချင်း ခြေလျင် စစ်ကြောင်းထိုးသွားခဲ့ပြီး မေလ ၇ ရက်နေ့ မနက်ပိုင်းမိုးမလင်းခင်က အဆိုပါညောင်မြစ်ကိုဖြတ်ကူးကာ တိတ်တဆိတ်ပြန်လာချိန် လှေမှောက်သေဆုံးတာလို့ သိရပါတယ်။

Zalen ad

ညောင်မြစ်အတွင်း ရေနစ်သေသွားတဲ့ စစ်ကောင်စီတပ်သား ၆ ဦးထဲက ၃ ဦးရဲ့ အလောင်းဟာ မေလ ၈ ရက်နေ့မှာ ပုပ်ပွပြီး ပြန်ပေါ်လာရာကနေ ဗျူဟာမှူးအလောင်းပါတယ်လို့ ခန့်မှန်းရကြောင်း တောကြီးမြွေပွေးအဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်