ခရီးသွားများရဲ့ ရေထဲကျသွားတဲ့ ဖုန်းကိုပြန်ဆယ်ပြီး တစ်နေ့ကို ဝင်ငွေ ဒေါ်လာ ၁၅၀၀ ခန့်ရတဲ့ အမျိုးသားတစ်ဦး

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ West Lake ရေအိုင်မှာတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အထူးသဖြင့် အလုပ်သမားနေ့မှာ ခရီးသွားသူများ သန်းချီဝင်ရောက်လာပြီး ရေထဲကို ကျသွားသော ဖုန်းနှင့် လက်တော့တို့လို တန်ဖိုးကြီး ပစ္စည်းများကို ပြန်ဆယ်ပေးတဲ့ ဝန်ဆောင်မှုကြောင့် ဒေသခံတစ်ချို့အတွက်ဝောာ့ ဝင်ငွေကောင်းရရှိကြပါတယ်။

အသက် ၄၀ အရွယ်ရှိတဲ့ Huang Yiyong လို့ခေါ်တဲ့ အမျိုးသားကဝောာ့ ခရီးသွားများရဲ့ ရေထဲ ကျသွားတဲ့ပစ္စည်းများကို ပြန်‌ဆယ်ပေးတဲ့ အလုပ်ကို သူ့ရဲ့ အချိန်ပြည့်အလုပ်အဖြစ် လုပ်နေပါတယ်။ သူအများဆုံး ပြန်ဆယ်ရသော ပစ္စည်းကဝောာ့ ဖုန်းပဲ ဖြစ်ပါတယ်။ Huang ရဲ့ ပြောဆိုချက်အရ သူဟာ ပြီးခဲ့တဲ့ အလုပ်သမားနေ့ ၅ ရက်တာ ရုံးပိတ်ရက်အတွင်း တစ်နေ့ကို ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၅၀၀) ခန့် ဝင်ငွေ ရရှိခဲ့ကြောင်း သူကဝောာ့ ပြောပါတယ်။

 ဒီရုံးပိတ်ရက် ၅ ရက်အတွင်းမှာ သန်းချီရှိသော ခရီးသွားများဟာ West Lake ကို သွားရောက်လည်ပတ်ခဲ့ကြသော‌ကြောင့် သူကလည်း ခုလို ဝင်ငွေကောင်းလာတာ ဖြစ်ပါတယ်။

“မိနစ် ၂၀ အတွင်း ရေထဲကနေ ပြန်ဆယ်နိုင်ရင် ကျွန်တော် ဒေါ်လာ ၂၂၀ (ယွမ် ၁၅၀၀) ယူလိုက်တယ်။ အကယ်၍ ပစ္စည်းကျသွားတဲ့ နေရာက ရေငုတ်ဖို့ နည်းနည်း ပိုခက်တယ်ဆိုရင် အဲ့ထက် နည်းနည်း ပို (ယွမ် ၁၈၀၀ ကနေ ၂၀၀၀ အထိ) တောင်းပါတယ်။ ဒါပေမယ့် ပစ္စည်းကို ပြန်မဆယ်နိုင်ရင်တော့ ယွမ် ၇၀၀ ပဲ တောင်းပါတယ်” လို့ သူက ပြောပါတယ်။

Huang ရဲ့ ပြောဆိုချက်အရ သူ့ရဲ့ အလုပ်ဟာ အလွန်အန္တရာယ်များသော အလုပ်ဖြစ်သောကြောင့် ပရော်ဖယ်ရှင်နယ်အဆင့် ရေငုတ်ကျွမ်းကျင်မှု လိုအပ်ကြောင်း ပြောပါတယ်။ ပြီးတော့ လိုအပ်သော ပစ္စည်းများအတွက် အရင်းအနှီးများစွာ လိုအပ်ကြောင်းကိုလည်း ပြောပါတယ်။ သူကတော့ ရေထဲကို ကျသွားသော ပစ္စည်းကို ပြန်ဆယ်တာ အောင်မြင်မှု ၉၀ ရာခိုင်နှုန်း ရှိတယ်လို့လည်း ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် အုပ်ချုပ်ရေးယူနစ်များကို ဘယ်လိုပြန်လည် ဖွဲ့စည်းကြမလဲ?

မြို့နယ် (သို့) လူမျိုးစု ကိုအခြေခံမလား? စာရေးသူ -R.Lakher လက်ရှိနွေဦးတော်လှန် ရေးသည် ချင်းပြည်နယ်မှ စတင်ခဲ့ပြီး ယနေ့တွင် ချင်း​​ပြည်နယ်၌ စစ်ကောင်စီမှ စွန့်လွတ်လိုက်သော စခန်းများအပါအဝင် စခန်းသိမ်းတိုက်ပွဲ ပေါင်း (၂၂) ကျော်ရှိခဲ့ ပြီ​ ...

ဆက်ဖတ်ရန်