ချင်းပြည်နယ်တွင် ယာဉ်တိုက်မှုကြောင့်သေဆုံးတဲ့လူဦးရေဟာ ယခင်နှစ်ကာလတူထက် ပိုများ

၂၀၁၉၊ နိုဝင်ဘာလ (၂၂)
ချင်းပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)အတွင်း ယာဉ်တိုက်မှု (၉၃)မှုဖြစ်ပွားပြီး လူ (၄၀)ဦးသေဆုံးသွားကြောင်း သိရပါတယ်။

ယခင်နှစ်က ချင်းပြည်နယ်တွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယာဉ်တိုက်မှု (၉၂)မှုဖြစ်ပွားပြီး (၃၇)ဦးသေဆုူံးခဲ့ပါတယ်။

တိုင်းဒေသကြီး နဲ့ ပြည်နယ် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုစာရင်းတွင် ချင်းပြည်နယ်ဟာ လူသေဆုံးမှုအနည်းဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးဟာ လူ(၅၆၇)ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်ပါတယ်။

တစ်နိုင်ငံလုံးတွင် ယခုနှစ် (၁၀)လအထိ ယာဉ်တိုက်မှုကြောင့် လူ (၄၃၈၇)ဦး သေဆုံးပြီး ယခင်နှစ်ထက် သေဆုံးသူဟာ (၉၀)ဦးနဲ့ပိုများနေပါတယ်။

Zalen ad

(Zawgyi)


၂၀၁၉၊ နိုဝင်ဘာလ (၂၂)

ယခင်နှစ်က ချင်းပြည်နယ်တွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယာဉ်တိုက်မှု (၉၂)မှုဖြစ်ပွားပြီး (၃၇)ဦးသေဆုံးခဲ့ပါတယ်။



နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်ကျေးရွာကို အကြိမ်ကြိမ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းမပေါ်ရှိ ခမ်းပါတ်မြို့အနီးက ကနန်ကျေးရွာကို လေကြောင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်အရ သိရပါတယ်။ ယနေ့ဇွန်လ ၂၅ ရက်နေ့မှာလည်းစစ်ကောင်စီတပ်က ခမ်းပါတ်မြို့အနီးက ကနန်ကျေးရွာကို အခုလိုဂျက်ဖိုက်တာ ၂စီးနဲ့ ...

ဆက်ဖတ်ရန်