ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို မင်းတပ်မြို့နယ်မှာဖွဲ့စည်းကြောင်း ကြေညာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း၌ တော်လှန်ရေးအင်အားစုများကို ဦးဆောင်မည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)ကို ဖွဲ့စည်းလိုက်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ဩဂုတ် ၆ ရက်က ထုတ်ပြန်ကြေညာပါသည်။

လက်ရှိတွင် စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးသည် အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် ခရီးပေါက်လာသည့်အပြင် အနာဂတ် ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့်အရေးတို့ကို အာမခံချက်ပေးမည့် မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖေါ်မည့် နိုင်ငံရေးဦးအဖွဲ့ အရေးတကြီးလိုအပ်လာသည် ဟု ဆိုသည်။

ထို့အတွက်ကြောင့် မူဝါဒ လုပ်ငန်းစဉ်များကိုရေးဆွဲချမှတ် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်အတွက် ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများစုပေါင်း၍ ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ CNC (Mindat) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်သည် ဟုထုတ်ပြန်ချက်တွင် ဖေါ်ြပထားသည်။

မြေပြင်အခြေအနေတွင်မူ မင်းတပ်မြို့နယ်အတွင်း၌ စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်သည့် အနေအထားရှိပြီး၊ ကျန်နေရာများကို CDF – မင်းတပ် က စိုးမိုးထားသည်။

Zalen ad

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်