စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင်မှအကျဉ်သား ၁၂၃ဦး လွတ်ပေး၊ နိုင်/ကျဉ်းမပါ

မြန်မာနှစ်သစ် အထိမ်းအမှတ်အနေနဲ့ ယနေ့ ဧပြီ ၁၇ ရက်တွင် စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင် ၉ ခုမှ အကျဉ်းသား ၁၂၃ ဦး လွတ်ပေးတယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ကတော့ မုံရွာအကျဉ်းထောင် ၁၁ ဦး၊ ခန္တီးအကျဉ်းထောင် ၁၅ ဦး၊ ရွှေဘို အကျဉ်း ထောင်မှ၁၀ ဦး မ ၁ ဦး စုစုပေါင်း ၁၁ ဦး၊ ကလေးအကျဉ်းမှ ကျား ၂၅ ဦး မ ၇ ဦး စုစုပေါင်း ၃၂ ဦး၊ ကသာအကျဉ်းထောင်မှ ကျား ၆ ဦး မ ၅ ဦး စုစုပေါင်း ၁၁ ဦး၊ သနန် အကျဉ်းစခန်း(တမူး)မှ ကျား ၉ ဦး၊ မြို့သစ်အကျဉ်းစခန်း(တမူး)မှ ကျား ၁၁ ဦး၊ ဗန္ဓုလ အကျဉ်းစခန်း(တမူး)မှ ကျား ၁၇ ဦး၊ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်း (တမူး)မှ ကျား ၆ ဦး တို့လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့သိရတယ်။

၎င်းတို့ထဲမှာ နိုင်/ကျဉ်းမပါပဲ လဝကမှု နဲ့ တစ်နှစ်အောက် ထောင်ဒဏ်ကျန်တဲ့သူတွေကိုလွတ်ပေးတာလို့သတင်းရရှိပါတယ်။

တနိုင်ငံလုံးတွင် မြန်မာနိုင်ငံသား အကျဉ်းသူ၊သား ၁၅၇၇ ဦး၊ နိုင်ငံခြားသား အကျဉ်းသူ၊ သား ၄၂ ဦး လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

Zawgyi

စစ္ကိုင္းတိုင္းအတြင္းရွိ အက်ဥ္းေထာင္မွအက်ဥ္သား ၁၂၃ဦး လြတ္ေပး၊ ႏိုင္/က်ဥ္းမပါ

ျမန္မာႏွစ္သစ္ အထိမ္းအမွတ္အေနနဲ႔ ယေန႔ ဧၿပီ ၁၇ ရက္တြင္ စစ္ေကာင္စီက စစ္ကိုင္းတိုင္းအတြင္းရွိ အက်ဥ္းေထာင္ ၉ ခုမွ အက်ဥ္းသား ၁၂၃ ဦး လြတ္ေပးတယ္လို႔သတင္းရရွိပါတယ္။

၎တို႔ကေတာ့ မုံ႐ြာအက်ဥ္းေထာင္ ၁၁ ဦး၊ ခႏၲီးအက်ဥ္းေထာင္ ၁၅ ဦး၊ ေ႐ႊဘို အက်ဥ္း ေထာင္မွ၁၀ ဦး မ ၁ ဦး စုစုေပါင္း ၁၁ ဦး၊ ကေလးအက်ဥ္းမွ က်ား ၂၅ ဦး မ ၇ ဦး စုစုေပါင္း ၃၂ ဦး၊ ကသာအက်ဥ္းေထာင္မွ က်ား ၆ ဦး မ ၅ ဦး စုစုေပါင္း ၁၁ ဦး၊ သနန္ အက်ဥ္းစခန္း(တမူး)မွ က်ား ၉ ဦး၊ ၿမိဳ႕သစ္အက်ဥ္းစခန္း(တမူး)မွ က်ား ၁၁ ဦး၊ ဗႏၶဳလ အက်ဥ္းစခန္း(တမူး)မွ က်ား ၁၇ ဦး၊ အုတ္ဖိုကန္ေဘာင္အက်ဥ္းစခန္း (တမူး)မွ က်ား ၆ ဦး တို႔လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတယ္လို႔သိရတယ္။

၎တို႔ထဲမွာ ႏိုင္/က်ဥ္းမပါပဲ လဝကမႈ နဲ႔ တစ္ႏွစ္ေအာက္ ေထာင္ဒဏ္က်န္တဲ့သူေတြကိုလြတ္ေပးတာလုိ႔သတင္းရရွိပါတယ္။

တႏိုင္ငံလံုးတြင္ ျမန္မာႏိုင္ငံသား အက်ဥ္းသူ၊သား ၁၅၇၇ ဦး၊ ႏိုင္ငံျခားသား အက်ဥ္းသူ၊ သား ၄၂ ဦး လြတ္ၿငိမ္းသက္သာခြင့္ျပဳတယ္လုိ႔ စစ္ေကာင္စီကထုတ္ျပန္ထားပါတယ္။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့မှုနဲ့ ဒေသခံတွေကို စစ်ကောင်စီက ဒဏ်ရိုက်

၁၄၊ ဇွန်၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရပ်ကွက်တွေနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ ဇွန်လ ၁၃ ရက်နေ့က လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့ပြီး VPN (Virtual Private Network) ဆော့ဝဲလ်တွေ့ရှိလို့ ...

ဆက်ဖတ်ရန်