စစ်ကောင်စီကို လောင်စာဆီပံ့ပိုးနေတဲ့ စင်ကာပူကုမ္ပဏီ စုံစမ်းစစ်ဆေးခံရပြီးနောက် ကုန်သွယ်မှု ရပ်ဆိုင်း

၇၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

စစ်ကောင်စီကို လောင်စာဆီပံ့ပိုးနေတဲ့ Interra Resources ကုမ္ပဏီဟာ စင်ကာပူ စတော့အိတ်ချိန်း (SGX) ရဲ့ စုံစမ်းမေးမြန်းခံရပြီးနောက် စင်ကာပူအခြေစိုက် ကုန်သွယ်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ Justice for Myanmar က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး SGX က ဇန်နဝါရီလ ၃၁ ရက်နေ့က စုံစမ်းမေးမြန်းလာတာဖြစ်တယ်လို့ Interra Resources က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Interra Resources ကုမ္ပဏီဟာ မြန်မာအစိုးရနဲ့ သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်အရ သာ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဦးစားပေးဆက်ဆံနေတာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ထားပါတယ်။

ကုမ္ပဏီအနေနဲ့ စင်ကာပူစတော့အိတ်ချိန်းမှာ ရေနံတွေရောင်းဝယ်တာကို ခေတ္တရပ်နားမှာ ဖြစ်ပြီး ကုမ္ပဏီအစုရှယ်ယာရှင်တွေရဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ပွင့်လင်းမြင်သာအောင် ဖော်ပြနိုင်ဖို့ အတွက် စိစစ်မှုတွေပြန်လုပ်မှာကြောင့် အခုလိုရပ်နားတာလို့ ဆိုပါတယ်။

စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီဟာ မြန်မာစစ်တပ်ကို ရေနံတွေ ရောင်းချထောက်ပံ့နေတာကို ချက်ချင်းရပ်တန့်ဖို့အတွက် Justice For Myanmar (JFM) က ဖေဖော်ဝါရီ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း Interra Resources ကုမ္ပဏီရဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ လုပ်ငန်းတွေက အမေရိကန်ဒေါ်လာ သန်း (၁၅၀) ကျော်တန်ဖိုးရှိတဲ့ ရေနံစည်ပေါင်း (၂) သန်းကျော်ကို စစ်ကောင်စီတပ်ကို ထောက်ပံ့နေတယ်လို့ ဖေဖော်ဝါရီ (၅) ရက်မှာ JFM က ဖော်ပြခဲ့ပါတယ်။

ဒီ Interra Resources ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ဆီ ရေနံစည်ပေါင်း (၂.၃) သန်းထောက်ပံ့ခဲ့တဲ့ Goldpetrol Joint Operating ကုမ္ပဏီရဲ့ ရှယ်ယာ (၆၀) ရာခိုင်နှုန်းကို ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။

အဲဒီရေနံတွေကို စွမ်းအင်ဝန်ကြီးဌာနအောက်က မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) က ကြီးကြပ်တဲ့ မန်းသံပုရာကန်ဓာတုဗေဒစက်ရုံစုမှာ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုကျုးလွန်ရာမှာအသုံးပြုနေတဲ့ လေယာဉ်တွေ၊ ထရပ်ကားတွေနဲ့ တင့်ကားမောင်းနှင်ရာမှာသုံးတဲ့ ဒီဇယ်နဲ့ လေယာဉ်ဆီတွေကို သန့်စင်ချက်လုပ်ပေးနေတယ်လို့ JFM က ထောက်ပြထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

CNO/ CNDF နဲ့ HPO/ CDF – Hualngo ပဋိပက္ခတွင်ပါ၀င်ပတ်သက်ခြင်းမရှိဟု YA ထုတ်ပြန်

၁၄ ၊ဇူလိုင် ၊၂၀၂၅ Zalen လက်ရှိဖြစ်ပေါ်နေတဲ့ ချင်းပြည်နယ်အတွင်း CNO/ CNDF နဲ့ HPO/ CDF – Hualngo ပဋိပက္ခတွင်ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း Yaw Army – YA က မနေ့က ...

ဆက်ဖတ်ရန်