စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကျောင်းဆင်းလာတဲ့ ၆နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွန်လုံးကျေးရွာ (Buanlung Khua) တွင် ကျောင်းကနေအိမ်သို့ပြန်လာနေတဲ့ ၆ နှစ်အရွယ်ကလေးငယ် ၂ဦးကို စစ်ကောင်စီဒရုန်းက လက်နက်ကြီးနဲ့ ယနေ့ အောက်တိုဘာ ၁၉ ရက် ညနေ ၃ နာရီလောက်ကပစ်ခတ်လို့ သေဆုံးသွားကြောင်းသတင်းရရှိပါတယ်။

2022-10-19 20_34_24-22°30'00.0_N 93°32'59.0_E - Google Maps

ဘွန်လုံးကျေးရွာဟာ ဟားခါးမြို့ကနေ မိုင် ၂၀ လောက်ကွာဝေးပြီး Senthang မျိုးနွယ်စုတွေနေထိုင်တဲ့ရွာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် KG တန်းတက်နေတဲ့ Henry Bawi Za Lian (၆နှစ်)၊ နဲ့ James Siang Za Uk (၇နှစ်) တို့သေဆုံးပြီး ၎င်းတို့နဲ့သက်တူရွယ်တူ မိန်းကလေးတစ်ဦးလည်း ဒဏ်ရာရရှိကြောင်းသိရတယ်။

Zalen ad

အရင်နေ့တွေမှာလည်း ဘွန်လုံးကျေးရွာပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတွေ လေးကြိမ်လောက်ပျံသန်းပြီး သတင်းထောက်လှမ်းနေတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်မှာ မြန်မာနိုင်ငံသား သုံးဦးထံကနေ ရူပီး သိန်း ၂၀ ကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူများဖမ်းမိ

ဧပြီ ၂၊၂၀၂၆။ Zalen မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင် နဲ့ ကျန်ဖိုင်ခရိုင်တို့မှာ ရူပီး သိန်း ၂၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူများနဲ့အတူ မြန်မာနိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ဒေသတွင်းသတင်းများထံကနေသိရပါတယ်။ မနေ့က ဧပြီလ ၁ ရက်နေ့ ...

ဆက်ဖတ်ရန်