စစ်ကောင်စီဟာ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေးတွက် မတ်လလယ်မှာ လွှတ်တော်ခေါ်မယ်လို့ ကြေညာ

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆။

Zalen

Zalen ad

စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့အမတ်တွေနဲ့ လွှတ်တော်သုံးရပ်ကို မတ်လလယ်ကစပြီး ခေါ်ယူမယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းမှာ  ကြေညာလိုက်ပါတယ်။

လာမယ့် မတ် ၁၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကို မတ် ၁၈ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပမယ်လို့ဆိုပါတယ်။

တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေကိုတော့ မတ် ၂၀ ရက်မှာ သက်ဆိုင်ရာဒေသအသီးသီးမှာ စတင်ကျင်းပသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီကြေညာချက်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ စစ်ကော်မရှင် အမှုဆောင်ချုပ် အောင်လင်းဒွေးတို့ရဲ့ အမိန့်နဲ့ ထုတ်ပြန်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အများဆုံးအနိုင်ရရှိခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ အမတ် ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၀၈ နေရာ စုစုပေါင်း ၃၃၉ နေရာ ရရှိထားပါတယ်။

ဖွဲ့စည်းပုံအရ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ခန့်အပ်ထားပြီး ပြည်သူ့ လွှတ်တော်မှာ ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်မှာ ၅၆ ဦး စုစုပေါင်း ၁၆၆ ဦး ပါဝင်လာမှာ ဖြစ်ပါတယ်။ ရွေးကောက်ခံ အမတ်တွေနဲ့ ပေါင်းလိုက်ရင် ပြည်ထောင်စုလွှတ်တော်မှာ စုစုပေါင်း ၅၈၆ ဦး ပါဝင်လာမယ်လို့ သိရပါတယ်။

လာမယ့် လွှတ်တော်အစည်းအဝေးတွေဟာ သမ္မတအသစ် ရွေးချယ်ရေးနဲ့ အစိုးရသစ် ဖွဲ့စည်းရေးအတွက် အရေးကြီးတဲ့ အဆင့်တခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဧပြီလ သင်္ကြန်မတိုင်ခင် သမ္မတအသစ်နဲ့ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေး လုပ်ဆောင်မယ်လို့ မကြာသေးခင်က ပြောထားပါတယ်။

Mary

ဓာတ်ပုံ-လူမှုကွန်ယက်

#စစ်ကောင်စီ#အစိုးရသစ် #လွှတ်တော်#Zalen

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရ

ဧပြီလ ၁၃၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ ကူကီးအမျိုးသားတပ်မတော်၊မြန်မာပြည် ( KNA-B) တပ်ဖွဲ့ဝင် ၄ ဦးသတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းသတင်းမှာဖော်ပြထားပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာ  နာဂလင်အမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) လို့ ယူဆရတဲ့ သံသယရှိ ...

ဆက်ဖတ်ရန်