စန်းမြို့ရွာကို စစ်ကောင်စီ ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

နို၀င်ဘာလ ၁၈ ၊၂၀၂၅

Zalen

မကွေးတိုင်း ၊ဂန့်ဂေါခရိုင် ၊စန်းမြို့ရွာ‌ အရှေ့ဘက်ခြမ်းကို ဒီကနေ့ နို၀င်ဘာလ ၁၈ ရက် မနက် ၉ နာရီခွဲ အချိန် မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံနဲ့နီးစပ်သူတွေထံကနေသိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက A-5 Boomber ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံးတစ်လုံးကြဲချခဲ့တာကြောင့် ထိခိုက်မှုတွေရှိနိုင်တယ်လို့ ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့နီးစပ်သူအမျိုးသားတစ်ဦးက “ရွာရဲ့အရှေ့ဘက်က တောင်ကုန်းကိုကြဲသွားတာ။အဲဒီမှာ ရွာကနေ ထွက်ပြေးတဲ့စစ်ရှောင်တွေအများကြီးရှိတယ်။ ထိခိုက်မှုတွေရှိနိုင်တယ်။ ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်မရနိုင်သေးဘူးဗျ” လို့ Zalen ကိုပြောပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်းနဲ့ ကလေးနယ်တောင်ပိုင်းအစပ်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံ‌ တွေ ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရပြီး လေယာဥ်သံကြားရင်စိုးရိမ် ကြောက်လန့်နေကြတယ်လို့ သူကထပ်မံရှင်းပြထားပါတယ်။

နေအိမ်တွေကိုစွန့်ခွါထွက်ပြေးကြတဲ့စစ်ဘေးရှောင် ဒေသခံတွေအတွက် ဆေးဝါး၊စားနပ်ရိက္ခာ၊အဝတ်အထည်နဲ့ ခြုံစောင် အကူအညီတွေ လည်း အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

အလားတူ မနေ့က နို၀င်ဘာလ ၁၇ ရက်ည ၁၁ နာရီခန့်မှာလည်း ထီးလင်းမြို့နယ်အရှေ့ခြမ်း၊ ပုံတောင်တစ်နေရာကို မကွေးလေတပ်ကပျံသန်းလာတဲ့ Y- 12 ထောက်ပို့ လေယာဉ်နဲ့ ဗုံးးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိချိန်မှာတော့ ကလေး -ဂန့်ဂေါ ၊ ထီးလင်း – ပေါက်နယ် အစပ်တွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်