ခရီးသွားပြည်သူကို တုတ်နဲ့ရိုက်နှက်ခဲ့တဲ့ CDF-Hakhaမှ ရဲဘော်များက တောင်းပန်

မတ် ၁၂ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ခရီးသွားလာကြတဲ့ လူငယ် ၁၆ ဦးကို CDF-Hakha စစ်ဆေးရေးဂိတ်တခုမှာ တာဝန်ကျတဲ့ရဲဘော်များက တုတ်နဲ့ရိုက်ခဲ့တဲ့အတွက် တောင်းပန်ထားကြောင်း CDF-Hakha က ဒီကနေ့ ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ စစ်ဆေးရေးဂိတ်တစ်ခုရှိတာဝန်ကျရဲဘော်များက ခရီးသွား လူငယ် ၁၃ ဦးကို ၂ ချက်စီ နဲ့ ၃ ဦးကို ၁ ချက်စီ တုတ်ဖြင့်ရိုက်နှက်ခဲ့တာလို့ဆိုပါတယ်။

Zalen ad

ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်နှက်ခံရသူများနဲ့ CDF-Hakha ကြားတွေ့ဆုံခဲ့ကြပြီး လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ တုတ်နဲ့ ရိုက်နှက်ခဲ့တာမှားယွင်းထားလို့ ခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့တယ်လို့ ဆိုထားပါတယ်။

တဖက်က လူငယ်များအနေဖြင့်လည်း အချင်းချင်းကြားအခုလိုဖြစ်ရပ်ဖြစ်ပေါ်လာတဲ့အပေါ်အလွန်ဝမ်းနည်းကြောင်း၊ နောက်နောင်ဆင်ခြင်နိုင်ဖို့နဲ့ အခြားလူများဒီလိုဖြစ်ရပ်နောက်ထပ်မကြုံဖို့အတွက်သင်ခန်းစာ ဖြစ်ပါစေလို့ပြောကြားပြီး နှစ်ဦးနှစ်ဖက်လက်ဆွဲနှုတ်ဆက်ကာ ဆုတောင်းကြပြီးပြေလည်ခဲ့ကြတယ်လို့ ဆိုပါတယ်။

CDF-Hakha ဟာ တိုင်းပြည်နဲ့လူမျိုးအတွက်ရပ်တည်လာတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ ပြည်သူများက လေးစားဝန်းရံတဲ့အဖွဲ့အစည်းဖြစ်ဖို့ ပြည်သူများကိုကျွန်တော်တို့ကိုယ်တိုင်လေးစားရမယ်ဆိုတဲ့ ကျင့်ဝတ်ကို လည်းရေးဆွဲထားတယ်လို့ဆိုပါတယ်။

ဒါကြောင့် လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့ CDF-Hakha လှုပ်ရှားမှုတွေ့ရှိပါက သတ္တိရှိရှိထောက်ပြကြဖို့နဲ့ အသိပေး ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်း ဟားခါးမြို့ကနေ ဇိုခွါဒေသကိုသွားရောက်ခဲ့ကြတဲ့ သိက္ခာတော်ရ ပါစတာတစ်ဦးနဲ့ လိုက်ပါလာတဲ့လူငယ်များ ရွာကနေဟားခါးကို ပြန်လာတဲ့လမ်းမှာဖြစ်ပွားခဲ့တာလို့သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်