ဆေးဝါးကုသမူအချိန်မီ မလုပ်နိုင်သောကြောင့် CDF ပလက်ဝ ရဲဘော်နှစ်ဦး ကျဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝတွင် တာဝန်ထမ်းဆောင်သည့် ရဲဘော်နှစ်ဦးသည် ချင်းလဲန်းနှင့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း နောက်တန်းစခန်းတွင် ကျဆုံးခဲ့သည်ဟု CDF ပလက်ဝက စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

CDF ပလက်ဝ တပ်ရင်း (၃) တွင် တာဝန်ထမ်းဆောင်သည့် ဆလိုင်းဧနောက် အသက် (၁၉) နှစ် သည် ဩဂုတ်လ ၈ ရက်နေ့တွင် ကျဆုံးပြီး၊ CDF ပလက်ဝ တပ်ရင်း (၁) တွင် တာဝန်ထမ်းဆောင်သည့် ဆလိုင်းမောင်မောင် အသက် (၂၅) နှစ်သည် ဩဂုတ်လ ၃ ရက်နေ့တွင် ကျဆုံးခဲ့သည်။

မွမ်းမံသင်တန်း အပတ်စဉ် (၂)တွင် နေမကောင်းဖြစ်၍ သင်တန်းကာလ မိုးတောက်လျှောက်ရွာပြီး နာမကျန်းဖြစ်ကာ ဆေးဝါးကုသမူ အချိန်မီမလုပ်နိုင်ခဲ့သောကြောင့် ဟု CDF ပလက်ဝထံက သိရှိရသည်။

အမျိုးသားတော်လှန်ရေးအတွက် ၎င်းတို့ ပေးဆပ်မူအပေါ် CDF ပလက်ဝ တပ်ဖွဲ့မှ လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်သည်ဟု CDF ပလက်ဝက ဆိုသည်။

Zalen ad

နောက်ဆုံးရသတင်းများ

မြန်မာရှိ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ဒရုန်းပေးပို့မှုတို့ဖြင့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယမှာ ဖမ်းဆီး

မတ် ၁၇၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အမေရိကန်နိုင်ငံသား ...

ဆက်ဖတ်ရန်