တစ်လကျော်ကြာမဟာမြိုင်ကားလမ်းပိတ်လို့ ကလေးမြို့နယ်တွင် စက်သုံးဆီစျေးမြင့်တက်

၁၈၊ဇွန်၊၂၀၂၄

Zalen

မုံရွာ-ကလေးဝကြား မဟာမြိုင်ကားလမ်း ပိတ်ဆို့မှု​ကြောင့် ကလေးမြို့နယ်အတွင်း စက်သုံးဆီစျေးများ ယခင်ထက်စျေးတက်လာတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ရက်နေ့ကစပြီး တိုက်ပွဲကြောင့် တန့်ဆည်နဲ့ပျဉ်းကိုင်းအစပ်မှာရှိတဲ့ ပျဉ်းကိုင်းနားမှာ ကုန်တင်ယာဉ်နဲ့ခရီးသည်ကားများ ဒီနေ့ထိပိတ်မိနေတာဖြစ်ပါတယ်။

“အခက်ခဲကတော့ ကျွန်တော်က လိုင်းဆွဲသမားဆိုတော့ ဆီစျေးတက်ရင် ကားခလည်းပိုတောင်းရတယ်။ကားခပိုတောင်းတော့ ကားဌားမယ့်သူ၊ကုန်တင်ပို့ခိုင်းတဲ့လူလည်းနည်းတယ်။လုံးဝငှါးမယ့်သူမရှိတာမျိုးတော့မဟုတ်ဘူး နည်းတော့ အမြတ်သိပ်မရှိတော့ မကိုက်ဘူး။ဆီစျေးတခုတည်းမဟုတ်ဘဲ ကုန်စျေးနှုန်းတွေလည်းတက်တော့ပိုဆိုးတာပေါ့”လို့ ကားသမားတစ်ဦးကပြောပါတယ်။

ကလေးမြို့အတွင်းမှာ ဓာတ်ဆီ တစ်ဂါလံ၂၄၀၀၀ ကျပ်၊ကလေးနယ်မြောက်ပိုင်းမှာ ဓာတ်ဆီတစ်ဂါလံ သုံးသောင်းကျပ်ပေးဝယ်ရပြီး ဒီဇယ်ဆီတစ်ပေပါကို ၁၁ သိန်းပေးဝယ်ရတယ်လို့ ၎င်းကပြောပါတယ်။

ရေဦး-က​လေးဝ ကားလမ်း (က​လေးဝမြို့နယ်၊မဟာမြိုင်​ဒေသ) တွင် စကစ စစ်​ကြောင်းမှ အဖြတ်အ​မှောင့်လုပ်ငန်းများ ပြုလုပ်​နေပါ၍ ခရီးသွားပြည်သူများ ထိခိုက်အန္တရာယ်မကျ​ရောက်​စေရန် လုံခြုံ​ရေးအရ အဆိုပါလမ်းပိုင်းကို ယာယီပိတ်ထားပါတယ်လို့ Kalewa People Defence Organization က ယမန်နေ့ ဇွန်လ ၁၇ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်