တီးတိန်မြို့အနီးတွင် လေသေနတ်နဲ့ငှက်ပစ်တဲ့ လူငယ် ၂ ယောက်စစ်ကောင်စီတပ်ကဖမ်းဆီး

ချင်းပြည်နယ်၊ တီးတိန်မြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်အသစ်နားမှာ အောက်တိုဘာ ၉ ရက်နေ့ ညနေပိုင်းက ဆေးဇန်ကျေးရွာမှ လေသေနတ်နဲ့ငှက်ပစ်တဲ့ လူငယ် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီတပ် စစ်ကား ၁၄ စီးနဲ့ သံချပ်ကာ ၂ စီးဟာ အောက်တိုဘာ ၉ ရက် မနက်ပိုင်းက ကလေးမြို့ကနေ တီးတိန်မြို့သို့ထွက်ခွာကြပါတယ်။ ယင်းစစ်ကားတွေဟာ ည ၇ နာရီပတ်ဝန်းကျင်တွင် တီးတိန်မြို့သို့ရောက်ရှိသွားတယ်လို့သိရတယ်။

အဖမ်းခံရတဲ့ လူငယ် ၂ ယောက်မှာ လျန်ထောမှုန် (၂၆နှစ်)၊ သွာလ်ဂီလ်လျန် (၂၄ နှစ်)တို့ဖြစ်ပါတယ်။ သူတို့ဟာ အောက်တိုဘာ ၉ ရက် မနက် ၁၀ နာရီခွဲတွင် လေသေနတ် တစ်လက်နဲ့ အိမ်ကနေ ဆိုင်ကယ်စီးပြီးထွက်သွားကြပါတယ်။ ညမိုးချုပ်တဲ့အချိန်ထိ အိမ်မရောက်လာပဲ ည ၈ နာရီခွဲလောက်တွင် တီးတိန်မြို့နယ် ရဲစခန်းကနေ ၄င်းတို့ ၂ယောက်ကိုဖမ်းဆီးထားကြောင်း အိမ်သို့ ဖုန်းဆက်အကြောင်းကြားလာပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ လူငယ် ၂ ယောက်ရဲ့ဆွေမျိုးတစ်ယောက်က “ဒီမှာ အင်တာနက်လိုင်းလည်းမရတော့ ကလေးကနေ စစ်ကားတွေထွက်လာတယ်ဆိုတဲ့သတင်းလည်း ကြိုမသိထားဘူး။ တောထဲငှက်ပစ်ဖို့သွားတာတိုက်တိုက်ဆိုင်ဆိုင် စစ်တပ်ကားနဲ့ကြုံလို့အဖမ်းခံရတာ။ သူတို့မှာ ဘာအပြစ်မှမရှိဘူး။ သူတို့က PDF လက်နက်ကိုင်တွေလည်းမဟုတ်ဘူး။ တစ်ယောက်ဆို ဂီတာသမား။ သူတို့စီးတဲ့ဆိုင်ကယ်ကတော့ ကားလမ်းဘေးမှာပြန်တွေ့ခဲ့တယ်” လို့ပြောပါတယ်။

Zawgyi

တီးတိန္ၿမိဳ႕အနီးတြင္ ေလေသနတ္နဲ႔ငွက္ပစ္တဲ့ လူငယ္ ၂ ေယာက္စစ္ေကာင္စီတပ္ကဖမ္းဆီး

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ ၾကိဳဆိုပါ၏ ဆုိင္းဘုတ္အသစ္နားမွာ ေအာက္တိုဘာ ၉ ရက္ေန႔ ညေနပိုင္းက ေဆးဇန္ေက်းရြာမွ ေလေသနတ္နဲ႔ငွက္ပစ္တဲ့ လူငယ္ ၂ ေယာက္ကို အၾကမ္းဖက္စစ္ေကာင္စီတပ္က ဖမ္းဆီးသြားတယ္လုိ႔သတင္းရရွိပါတယ္။

စစ္ေကာင္စီတပ္ စစ္ကား ၁၄ စီးနဲ႔ သံခ်ပ္ကာ ၂ စီးဟာ ေအာက္တုိဘာ ၉ ရက္ မနက္ပိုင္းက ကေလးၿမိဳ႕ကေန တီးတိန္ၿမိဳ႕သို႔ထြက္ခြာၾကပါတယ္။ ယင္းစစ္ကားေတြဟာ ည ၇ နာရီပတ္ဝန္းက်င္တြင္ တီးတိန္ၿမိဳ႕သို႔ေရာက္ရွိသြားတယ္လုိ႔သိရတယ္။

အဖမ္းခံရတဲ့ လူငယ္ ၂ ေယာက္မွာ လ်န္ေထာမႈန္ (၂၆ႏွစ္)၊ သြာလ္ဂီလ္လ်န္ (၂၄ ႏွစ္)တို႔ျဖစ္ပါတယ္။ သူတို႔ဟာ ေအာက္တုိဘာ ၉ ရက္ မနက္ ၁၀ နာရီခြဲတြင္ ေလေသနတ္ တစ္လက္နဲ႔ အိမ္ကေန ဆုိင္ကယ္စီးၿပီးထြက္သြားၾကပါတယ္။ ညမိုးခ်ဳပ္တဲ့အခ်ိန္ထိ အိမ္မေရာက္လာပဲ ည ၈ နာရီခြဲေလာက္တြင္ တီးတိန္ၿမိဳ႕နယ္ ရဲစခန္းကေန ၄င္းတို႔ ၂ေယာက္ကိုဖမ္းဆီးထားေၾကာင္း အိမ္သို႔ ဖုန္းဆက္အေၾကာင္းၾကားလာပါတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး ဖမ္းဆီးခံရတဲ့ လူငယ္ ၂ ေယာက္ရဲ႕ေဆြမ်ဳိးတစ္ေယာက္က “ဒီမွာ အင္တာနက္လုိင္းလည္းမရေတာ့ ကေလးကေန စစ္ကားေတြထြက္လာတယ္ဆိုတဲ့သတင္းလည္း ၾကိဳမသိထားဘူး။ ေတာထဲငွက္ပစ္ဖို႔သြားတာတိုက္တုိက္ဆုိင္ဆိုင္ စစ္တပ္ကားနဲ႔ၾကံဳလုိ႔အဖမ္းခံရတာ။ သူတို႔မွာ ဘာအျပစ္မွမရွိဘူး။ သူတုိ႔က PDF လက္နက္ကိုင္ေတြလည္းမဟုတ္ဘူး။ တစ္ေယာက္ဆို ဂီတာသမား။ သူတို႔စီးတဲ့ဆိုင္ကယ္ကေတာ့ ကားလမ္းေဘးမွာျပန္ေတြ႔ခဲ့တယ္” လုိ႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်