တော်လှန်ရေးအဟန့်တားဖြစ်စေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ CDF-Paletwa ထုတ်ပြန်

အိုက်ခူမီး

၂၇၊ စက်တက်ဘာလ၊ ၂၀၂၃

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန့်နေချိန်မှာ ပလက်ဝမြို့နယ် ပြည်တွင်းပြည်ပရှိ ဒေသခံတစ်ချို့က CDF-Paletwa ရဲ့ မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်းများ ပြုလုပ်နေတယ်လို့ စက်တင်ဘာ ၂၆ရက်က ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် CDF- Paletwa ကို ထောက်ခံအားပေးတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဝန်းရံဆောင်ရွက်တဲ့ လုပ်ငန်းတွေကို အဖျက်အမှောက်ပြုလုပ်ခြင်း၊ စိတ်ဝမ်းကွဲစေမယ့် သတင်းအချက်လက်တွေနဲ့ ဝါဒမှိုင်းတိုက်ခြင်းတွေကိုပါ ပြုလုပ်တယ်လို့လည်း ဆိုပါတယ်။

Zalen ad

တော်လှန်ရေးမှာ ထိထိရောက်ရောက်ပါဝင်ကြတဲ့ ပြည်သူတွေရှိသလို တော်လှန်ရေးကိုနှောက်ယှက်တဲ့ပြည်သူတွေရှိတယ်လို့ CDF-Paletwa တာဝန်ရှိသူ တစ်ဦးက Zalen ကို ဆိုပါတယ်။

“ပြည်တွင်းပြည်ပ ပေါ့နော်။ ပြည်တွင်းဆိုတဲ့ချိန်မှာ ပြေပြင်မှာဖြစ်ပျက်ခဲ့တာပေါ့လေ။ ကျွန်တော်တို့ ပလက်ဝမြို့နယ်မှာက လူမျိုးပေါင်းစုံနေထိုင်ကြတဲ့အတွက်ကြောင့် ဒီတော်လှန်ရေးမှာလည်း တော်ရှုပ်ထွေးပါတယ်။ တော်လှန်ရေးမှာမပါဝင်တဲ့ပြည်သူဆိုတာက နှစ်ဘက်ချွန်​ပေါ့။ အခွင့်ရေးသမားတွေပေါ့နော်။ ဒီလူတွေကပဲ တခြားပြည်သူတွေကို သွေးထိုးတဲ့ခါကြတော့ သဘောထားတွေကွဲသွားတာပေါ့။ ကျွန်တော်တို့အပေါ် ပြည်သူတွေ ယုံကြည်မှု ပိုပိုနည်းသွားတယ်။ ပြီးတော့ မြေပြင်မှာလဲ သူတို့ရဲ့လုပ်ရပ်တွေက တချို့တလေ ကျနော်တို့တွက်ထိခိုက်နစ်နာတဲ့အပိုင်တွေရှိတယ်”လို့ ဆိုပါတယ်။

တော်လှန်ရေး  အဟန့်အတားဖြစ်စေသော မည်သည့်လုပ်ရပ်ကိုမဆို ထပ်မံမပြုလုပ်ကြရန်နဲ့ နောက်နောင်ဆက်လက် လုပ်ဆောင်မူရှိပါက CDF-Paletwa အနေ့ဖြင့် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်