တွန်းဇံမြို့ပေါ်ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ၊ တိုက်ပွဲဆက်ပြင်းထန်

မေ ၁၈ ၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်ကို မနေ့က မေလ ၁၇ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မေလ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၇ မိနစ်အချိန်မှာ တံတားဦးလေတပ်စခန်းက ပျံတက်လာတဲ့ စစ်ကောင်စီရဲ့ Yak-130 တိုက်ခိုက်ရေးဂျက်လေယာဉ်တစီးဟာ ကလေးမြို့ကို ဖြတ်သန်းမောင်းနှင်သွားခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီ ၁၈ မိနစ်မှာ တွန်းဇံမြို့ပေါ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရမှုနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

မေ ၁၅ ရက်မှာလည်း စစ်ကောင်စီတပ်က လုံဇန်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်ကြိမ်ကြဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ရေး အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

လက်ရှိမှာ လုံဇန် (Lomzaang)ရွာနဲ့ Vialcianရွာ အနီး နှစ်နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

” နှစ်ဖက်ထိခိုက်မှု ကျဆုံးတွေတော့ ကြားရတယ်ဗျ၊ လေယာဉ်လဲ လာကြဲတယ်၊ မနေ့က မွန်းလွဲပိုင်းမှာ မြို့ပေါ်ကိုကြဲသွားတာ။ လူထိခိုက်မှုတော့ မရှိဘူး၊ အဆောက်အအုံတွေ ထိတယ်။ ” လို့ စစ်ရေးအခြေအနေ သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်

တွန်းဇံတိုက်ပွဲမှာ ချင်းလဲန် ကောင်စီတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက် နေတဲ့ Zo Army က တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ Tg. Suan Khup ကျဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်၊ ကျီးခါးမြို့မှာလည်း အရင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခိုင်အမာတပ်စွဲပြီး စစ်ဆေးရေးလုပ်ဆောင်ခဲ့တဲ့နေရာကို စစ်ကောင်စီက ၎င်းတို့ရဲ့လက်ပါးစေ ZRA တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့လို့ တပ်စွဲဂိတ်ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်