ဓားထိုးမှုကြောင့် မတူပီမြို့နယ်တွင် အမျိုးသား တစ်ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြိုနယ် ဖနိုင်ကျေးရွာက အမျိုးသားနှစ်ဦးဟာ အရက်သောက်ခဲ့ကြရာ အငြင်းအခုံဖြစ်ခဲ့ကြပြီး တစ်ယောက်က နောက်တစ်ယောက်ကို ဓားဖြင့်ထိုခဲ့ရာ ဒဏ်ရာဖြင့် ဒီကနေ့ မေ ၉ ရက်တွင် သေဆုံးသွားခဲ့ကြောင်း ဆိုပါတယ်။

ဖြစ်စဉ်မှာ အမျိုးသားနှစ်ဦးဟာ မေလ ၅ ရက်နေ့ ဖနိုင်ကျေးရွာတွင် အရက်အတူတူ သောက်ခဲ့ကြရာ အချင်းချင်း စကားများခဲ့ကြကြောင်း၊ ထို့နောက် တစ်ယောက်က နောက်တစ်ယောက်ကို ဓားဖြင့်ထို့ခဲ့ကြောင်း သိရပါတယ်။

ဓားထိုးခံရသူမှာ မတူပီဆေးရုံတွင် ဆေးကုသရန် အဆင်မပြေသောကြောင့် ပြည်မဘက်ကို ဆေးကုသရန် ဂန့်ဂေါဘက်ကနေ အသွား လမ်းခရီးတွင် ပင်သေဆုံးသွားခဲ့ကြောင်း ဆိုပါတယ်။ သေဆုံးသွားသူ၏ အလောင်းဟာ ဒီနေ့မေ ၉ ရက်ညနေပိုင်းအထိ အိမ်ပြန်မရောက်သေးကြောင်း လမ်းမှာသာ ရှိသေးကြောင်း ဆိုပါတယ်။

အမျိုးသားနှစ်ဦးဟာ အိမ်ထောင်ပြုထားသောသူများဖြစ်ပြီး သေဆုံးသွားသော အမျိုးသားတွင် ကလေး ၃ ယောက်ရှိကြောင်း သိရပါတယ်။

Zawgyi






နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်