နယူးဒေလီမြို့တွင် မြန်မာစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို အမျိုးသား ၄ ဦး ဝိုင်းမုဒိန်းကျင့်ခံရ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာနေထိုင်တဲ့ သားသည်မြန်မာစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်က အော်တိုကားမောင်းသမား (၃ ဘီးကား) အပါအဝင် အမျိုးသား ၄ ဦးက ဖမ်းဆီးခေါ်ဆောင်ထားပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြကြောင်း ရဲစခန်းသို့တိုင်ကြားတယ်လို့ ဒေးလီအခြေစိုက်သတင်းတွေမှာဖော်ပြထားပါတယ်။

၎င်းအမျိုးသမီးရဲ့ ပြောဆိုချက်အရ နယူးဒေလီမြို့ အရှေ့တောင်ပိုင်းတွင် ၎င်းတို့ သမီးလေးကို ဆေးကုသရန် အမျိုးသားနဲ့အတူသွားတဲ့ချိန်မှာ ခုလို ဖြစ်ပွားတာဖြစ်ကြောင်း ပြောပါတယ်။

အော်တိုကားမောင်းသမားက မြန်မာအမျိုးသမီးကို Kalindi Kunj ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူမရှိသောနေရာကို ခေါ်ဆောင်သွားကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုခဲ့ကြောင်း ရဲများက ပြောပါတယ်။ မြန်မာအမျိုးသမီးကို မုဒိမ်းပြုကျင့်တဲ့အမည်မသိအမျိုးသားများနဲ့ ပတ်သက်ပြီး မုဒိန်းဆိုင်ရာအမှုဖွင့်ထားကြောင်း ရဲများကတော့ ပြောပါတယ်။

အင်္ဂါနေ့တွင် Delhi Commission for Women ကလည်း ရဲများထံ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

Zalen ad

DCW ပေးပို့ခဲ့သော အကြောင်းကြားစာကို နယူးဒေလီမြို့အရှေ့တောင်ပိုင်းခရိုင်ရဲရုံးကို ပေးပို့ခဲ့တာဖြစ်ပြီး DCW ကတော့ အမှုတွဲ တိုင်ကြားစာမိတ္တူကို တောင်းဆိုထားပြီး စွပ်စွဲခံရသူများကို ဖမ်းဆီးရာလုပ်ဆောင်ချက် အကြောင်းစုံကို ပြန်လည်ပေးပို့ရန် တောင်းဆိုထားပါတယ်။ DCW ကတော့ အချက်အလက်အပြည့်အစုံကို မတ်လ ၃ ရက်နေ့တွင် နောက်ဆုံး ပေးပို့ထားရန် တောင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်