ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်းတွေတက်ကာ ဓာတ်ဆီ ၁ လီတာ ၄၀၀၀ ထိရှိလာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်းတွေတက်လာတာကြောင့် ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး ဓာတ်ဆီ ၁ လီတာကို ၄၀၀၀ နဲ့ဝယ်ယူနေရတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်က ပလက်ဝတွင် ဓာတ်ဆီ ၁ လီတာကို ၃၀၀၀ နဲ့ဝယ်ယူနေရပြီး ရက်ပိုင်းအတွင်း ၁ ထောင်တက်သွားပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ဝင်ငွေကလည်းမရှိ အလုပ်အကိုင်ကလည်းရှားပါးတော့ ကုန်ဈေးနှုန်းတက်တာကို ခါးစည်းခံယုံပဲ။ တောရွာဘက်မှာဆို သစ်မြစ်သစ်ဥတွေပဲ မှီခိုနေရတယ်။ အင်တာနက်လိုင်းလည်းမရှိ၊ မီးကလည်း ၂ ရက်မှာ တစ်ရက်ပဲ ၄ နာရီမီးရတယ်” လို့ပြောပါတယ်။

Zalen ad

စားဆီကလည်း အရင်က ၃သောင်းခွဲကို အခု ၄သောင်းခွဲဖြစ်နေပြီး ပေါ်ဆန်းမွှေးဆန်ဟောင်း တစ်အိတ်ကို အခု ၅၈၀၀၀ နဲ့ဝယ်နေရတယ်လို့သိရတယ်။ အရင်က ကြက်ဥ ၆လုံး ၇ လုံးကို ၁ထောင်နဲ့ဝယ်ရပြီးခုဆို ၃ လုံး ၁ ထောင်နဲ့ဝယ်ယူနေကြပါတယ်။

Zawgyi

ပလက္ဝၿမိဳ႕နယ္တြင္ ကုန္ေစ်းႏႈန္းေတြတက္ကာ ဓာတ္ဆီ ၁ လီတာ ၄၀၀၀ ထိရွိလာ

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ ကုန္ေစ်းႏႈန္းေတြတက္လာတာေၾကာင့္ ၿပီးခဲ့တဲ့ ၃ ရက္ေလာက္ကစၿပီး ဓာတ္ဆီ ၁ လီတာကို ၄၀၀၀ နဲ႔ဝယ္ယူေနရတယ္လုိ႔ ေဒသခံေတြထံကသတင္းရရွိပါတယ္။

ၿပီးခဲ့တဲ့ ၃ ရက္ေလာက္က ပလက္ဝတြင္ ဓာတ္ဆီ ၁ လီတာကို ၃၀၀၀ နဲ႔ဝယ္ယူေနရၿပီး ရက္ပိုင္းအတြင္း ၁ ေထာင္တက္သြားပါတယ္။

ပလက္ဝေဒသခံတစ္ဦးက “ဝင္ေငြကလည္းမရွိ အလုပ္အကိုင္ကလည္းရွားပါးေတာ့ ကုန္ေစ်းႏႈန္းတက္တာကို ခါးစည္းခံယံုပဲ။ ေတာရြာဘက္မွာဆို သစ္ျမစ္သစ္ဥေတြပဲ မွီခိုေနရတယ္။ အင္တာနက္လုိင္းလည္းမရွိ၊ မီးကလည္း ၂ ရက္မွာ တစ္ရက္ပဲ ၄ နာရီမီးရတယ္” လို႔ေျပာပါတယ္။

စားဆီကလည္း အရင္က ၃ေသာင္းခြဲကို အခု ၄ေသာင္းခြဲျဖစ္ေနၿပီး ေပၚဆန္းေမႊးဆန္ေဟာင္း တစ္အိတ္ကို အခု ၅၈၀၀၀ နဲ႔ဝယ္ေနရတယ္လုိ႔သိရတယ္။ အရင္က ၾကက္ဥ ၆လံုး ၇ လံုးကို ၁ေထာင္နဲ႔ဝယ္ရၿပီးခုဆို ၃ လံုး ၁ ေထာင္နဲ႔ဝယ္ယူေနၾကပါတယ္။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်