ပြည်သူများက CDF-Kanpetlet ထံနွားနောက်အကောင် ၆၀ ကျော် လှူဒါန်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ဒေသခံများက CDF-Kanpetlet တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးအခက်အခဲများဖြေရှင်းနိုင်ဖို့ နွားနောက် ၆၀ ကျော်လှူဒါန်းကြတယ်လို့ CDF-Kanpetlet ကထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ ကြုံတွေ့နေရသော စိန်ခေါ်မှု အခက်ခဲများအား ရှင်းလင်းချပြခြင်းများ ပြုလုပ်လျက်ရှိပြီး၊ မိဘပြည်သူများမှလည်း စိတ်အားထက်သန်စွာဖြင့် ငွေကြေးအချို့နှင့် မိမိတို့အမြတ်တနိုး မွေးမြူထားသော ရိုးရာနွားနောက်များ ပေးကမ်းလှူဒါန်းလျက်ရှိရာ၊ အချိန်တိုအတွင်း ချင်းရိုးရာနွားနောက်အကောင်ရေ(၆၀) ကျော်လာပြီလို့ ၎င်းတို့ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

အဝေးရောက် မိဘပြည်သူများ အနေဖြင့် ဆက်လက်၍ လက်တွဲညီညီဖြင့် အရေးတော်ပုံအောင်မြင်သည်အထိ ကန်ပက်လက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ကာကွယ်ရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး တွဲလက်မဖြုတ်တမ်း အတူတကွ ဆက်လက် ပူးပေါင်း ပါဝင်ပေးကြပါရန်နှင့် ဆက်လက်ပါဝင်လိုသော မိဘပြည်သူများအနေဖြင့် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သို့ တိုက်ရိုက် ဆက်သွယ်၍သော်၎င်း၊ Chin Defence Force -Kanpetlet page တွင်သော်၎င်း ဆက်သွယ်ပါဝင်ပေးကြပါရန် ထပ်မံ ဖိတ်ခေါ်အပ်ပါသည်လို့လည်းဖော်ပြထားပါတယ်။
Chin Defence Force -Kanpetlet မူရင်း page
https://www.facebook.com/KanpetletCDF

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်