ဖလမ်းမြို့နယ်တွင် CDF-Thantlang တစ်ဦးက သေနတ်နဲ့ပစ်လို့ ကလေးတစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟိုင်မွှာလ်ကျေးရွာနေ အသက် ၁၄ နှစ်အရွယ် ၅တန်းကျောင်းသား ဆလိုင်းရိုပဲန်လှု (Salai Ro Pek Hlu) ကို မနေ့ စက်တင်ဘာ ၁၃ ရက်တွင် CDF-Thantlang ရဲဘော်တစ်ဦးက သေနတ်နဲ့ပစ်ခတ်လို့ ဘယ်ဘက်ခြေထောက်ဒူးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိတယ်လို့ သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ CDF-Thantlang တပ်ဖွဲ့ဝင်အချို့ဟာ စက်တင်ဘာ ၁၃ ရက်နေ့လည်ပိုင်း အရက်သေစာသောက်စားပြီးနောက် ဖလမ်းမြို့နယ် Ngaihlan နဲ့ Zongte ကျေးရွာကြားတွင် သေနတ် ပစ်ဖောက်ကြပါတယ်။ ညနေစောင်းတွင် ဟိုင်မွှောလ်ကျေးရွာသို့ဝင်လာပြီး သေနတ်ထပ်မံ ပစ်ဖောက်ကာ ၎င်းတို့ထဲက ရဲဘော်တစ်ဦးက ရေကန်ဘေးမှာရှိတဲ့ Salai Ro Pek Hlu ကိုခြေထောက်ဆေးဖို့ ရေတစ်ခွက်တောင်းစဉ် သေနတ်နဲ့ပစ်လို့ ဘယ်ဘက်ခြေထောက် ဒူးခေါင်းဖောက်ထွင်း ဒဏ်ရာရရှိပါတယ်။

ညတွင်းချင်း လူနာကို CNA ဌာနချုပ်သို့သယ်ဆောင်ကာ ဆေးကုသပြီး ဒီနေ့ စက်တင်ဘာ ၁၄ ရက်မနက်တွင် ခွဲစိတ်ကြတယ်လို့သိရတယ်။ CDF-Thantlang Khualhring tlang စခန်းမှူးနဲ့အဖွဲ့များက နစ်နာတဲ့မိသားစုအိမ်သို့ လာရောက်တောင်းပန်ကာ ဆေးကုသဖို့ ၁၀ သိန်းပေးအပ်ခဲ့တယ်လို့သိရတယ်။

ဟိုင်မွှောလ်ကျေးရွာအုပ်ချုပ်ရေးမှူးက “သေနတ်နဲ့ ပစ်တဲ့သူက အသက် ၂၅ နှစ်လောက်ရှိမယ်။ ကိုမန်ဒိုသင်တန်းဆင်းလို့လည်းပြောတယ်။ သူတို့စခန်းမှူးကတော့ စစ်တပ်စည်းကမ်းဥပဒေ နဲ့အညီအရေးယူ မယ်တဲ့။ ဒီနေ့မှာ CNO လူကြီးတွေလာပြီးတော့ သူတို့က ပြစ်မှုကျူးလွန်တဲ့ရဲဘော်ကို ဥပဒေအတိုင်းအရေးယူပေးဖို့ ဆက်လက်ဆောင်ရွက်ကြမယ်လို့ ပြောတယ်။ ကျနော်တို့ရွာနဲ့ CNA ဌာနချုပ်က ဆိုင်ကယ်နဲ့တစ်နာရီလောက်သွားတဲ့ခရီးပါ။ အရင်တုန်းကတော့ ဒီလိုပြဿနာကြီးကြီးတော့မကြုံ့ဖူးပေမယ့် စိတ်အနှောက်အယှက်ဖြစ်စရာတွေ တော့များတယ်” လို့ပြောပါတယ်။

Zalen ad

နစ်နာတဲ့မိသားစုဟာ တောင်ယာခုတ်ပြီး အသက်မွေးဝမ်းကျောင်းတာကြောင့် စားဝတ်နေရေးခက်ခဲတဲ့ မိသားစုဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃ ရက်တွင် ဖလမ်းမြို့နယ်၊ Thipcang ကျေးရွာအတွင်း CNA ရဲဘော်တစ်ဦးက သေနတ် ၇ ချက်ပစ်ဖောက်လို့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်