ဖလမ်းမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိလို့ အရပ်သား တစ်ဦး သေဆုံး

၆၊ ဇွန်လ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိလို့ အရပ်သား တစ် ဦး သေဆုံးခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

ဖလမ်းမြို့နယ်၊ ကြောင်ဟဲင်းကျေးရွာမှ အမျိုးသား တစ်ဦးဟာ မနေ့ ဇွန်လ ၅ ရက်နေ့က ၎င်းရဲ့ သရက်ခြံကို သွားစဥ် စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

Zalen ad

“စစ်ကောင်စီ ဗားရ်စခန်း အထက်နားမှာ သူရဲ့ သရက်ခြံကို သွားတာ။ ပေါက်ကွဲသံကြားတော့ ရွာသားတွေက သွားကြည့်ကြတာ။ အဲ့မှာ ခြေထောက် နှစ်ဖက်လုံးပြတ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ အလောင်းကို ရွာမှာ ဒီနေ့ဘဲ သဂြိုလ်လိုက်ပါပြီ။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၆၂ နှစ်အရွယ် U Lian Hrang လို့သိရပြီး ၎င်းရဲ့ ရုပ်အလောင်းကို ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း အဲ့ဒီ ဗားရ်စခန်းအနီး ဝန်းကျင်မှာ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်း နင်းမိလို့ အရပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗာရ်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က တိုက်ခိုက်သိမ်းရရှိထားပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

AI (ChatGPT) တွေက မှားနိုင်တယ်လို့ ဂျာမန်သုတေသီတဦးပြော

မတ် ၂၇၊ ၂၀၂၆။ Zalen ဂျာမန်သုတေသီတဦးရဲ့ စမ်းသပ်ချက်အရ ChatGPT လို AI မော်ဒယ်တွေဟာ အဓိပ္ပါယ်မရှိတဲ့ စာသားတွေကိုတောင် စာပေအရည်အသွေးကောင်းတယ်လို့ သတ်မှတ်နိုင်ခြေရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်က AI ကို အပြည့်အဝ ယုံကြည်အသုံးပြုမှုအပေါ် ...

ဆက်ဖတ်ရန်