ဗားရ်တံတားသစ်တည်ဆောက်ရေးလုပ်ငန်း ဝန်ကြီးချုပ်လာကြည့်စဉ် အနီးရှိဥယျာဉ်ခြံနှစ်ရှည်ပင်တွေပိုင်ရှင်အသိမပေးပဲ ခုတ်လဲခံရ

ဗားရ်တံတားသစ်တည်ဆောက်ရေးလုပ်ငန်း ဝန်ကြီးချုပ်လာကြည့်စဉ် အနီးရှိဥယျာဉ်ခြံနှစ်ရှည်ပင်တွေပိုင်ရှင်အသိမပေးပဲ ခုတ်လဲခံရ

ဖလမ်းမြို့နယ် ဗားရ်တံတားသစ်တည်ဆောက်ရေးလုပ်ငန်းကို ဇူလိုင် ၁၄ ရက်က ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် အနီးရှိ ဥယျာဉ်ခြံက နှစ်ရှည်ပင်တွေ ပိုင်ရှင်အသိမပေးပဲ ဆောက်လုပ်ရေးဝန်ထမ်းတွေက ခုတ်လဲတာကြောင့် ခြံပိုင်ရှင်တွေ မကျေနပ်ဖြစ်နေကြပါတယ်။

ဗားရ်ကျေးရွာနဲ့ ကြောင်ဟင်ရွာသား သုံးဦးပိုင်တဲ့ သရက်ပင်၊ သြောဇာပင် တွေ အချို့ပင်စည်မှလည်းကောင်း၊ အချို့အကိုင်းကနေခုတ်လဲခံရခြင်းဖြစ်ပါတယ်။

သရက်ခြံပိုင်ရှင် ဗားရ်ကျေးရွာသား ဆလိုင်းကာလစ်က “စနေနေ့ မနက်ပိုင် ခြံကိုသွားတဲ့ချိန်မှာဘာမှ မဖြစ်သေးဘူး။ မနေ့က (ဇူလိုင် ၁၄) ဝန်ကြီးချုပ် တွန့်ဇံသားရင်းလမ်းကြုံဝင်ကြည့်သွားတယ်။ အဲ့ချိန်မှာဆောက်လုပ်ရေးဝန်ထမ်းတွေကလမ်းရှင်းတဲ့သဘောနဲ့ခုတ်လဲသွားတယ်ထင်တယ်။ ကျနော်တို့ကိုဘာမှအသိမပေးဘူး။ ခုတ်လဲတဲ့အပင်တွေက ၁၀ နှစ်သားတွေပါတယ်။ အခုလမ်းသစ်ဖောက်မယ့်လျာထားချက်မှာ ရွာရဲ့ဘောလုံးကွင်းလည်းဖြတ်ရမယ်။ ကျနော်တို့ သရက်ခြံလည်း ပေ ၂၀၀ လောက်ဖြတ်မယ့်အခြေအနေရှိတယ်။ မနှစ်က လမ်းချဲ့လို့မြေစာကဖုံးသွားလို့ပျက်စီးသွားတဲ့ဟာနဲ့ဆို ခြံက သိပ်မကျန်တော့ဘူး” လို့ပြောပါတယ်။

Zalen ad

မဏီပူရ်မြစ်ပေါ်တည်ဆောက်ထားတဲ့ ဗားရ်တံတားသစ်ဟာ လက်ရှိဗားရ်တံတားရဲ့အရှေ့ဘက်မှာရှိပြီး လက်ရှိဗားရ်တံတားထက် ၁၀ပေမြင့်အောင်တည်ဆောက်ထားပါတယ်။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆Zalen ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက ...

ဆက်ဖတ်ရန်