ဘက်စုံသုံး ကုလားတန်စီမံကိန်းထဲက စစ်တွေဆိပ်ကမ်း ဖွင့်လှစ်မယ်

မြန်မာ-အိန္ဒိယ အတွက်အရေးပါတဲ့ ဘက်စုံသုံး ကုလားတန်စီမံကိန်းထဲက စစ်တွေဆိပ်ကမ်း မေ ၉ ရက်နေ့စတင်ဖွင့်တော့မယ်လို့သိရတယ်။

စစ်တွေဆိပ်ကမ်းကိုဖွင့်လှစ်ပေးဖို့အတွက် အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လာရောက်ဖို့ ရှိနေပြီး စစ်ကောင်စီဘက်ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦး လာရောက်ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကုလားတန်ဘက်စုံသုံးစီမံကိန်းဟာ ပြီးခဲ့တဲ့ နအဖ အစိုးရလက်ထက် ၂၀၀၉ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။

ဘိလပ်မြေတန်ချိန် သုံးထောင်ကျော်တင်ဆောင်လာတဲ့ ပထမဆုံး သင်္ဘောတစ်စီးမှာ အိန္ဒိယ ကာလကတ္တားမှမေ ၄ ရက်တွင် ထွက်လာပြီး စစ်တွေကိုမေ ၉ ရက်တွင် ရောက်မှာ ဖြစ်ပါတယ်။

ယင်း စီမံကိန်းမှ အိန္ဒိယ နိုင်ငံအရှေ့ပိုင်း ရှိပြည်နယ်များအထူးသဖြင့် ပြည်မနှင့်ကြက်လည်ပင်း သဏ္ဍာန်ဆက်နေတဲ့ ဒေသများဖွံဖြိုး တိုးတက်ရေး အတွက်ရည်ရွယ်ပြီး အိန္ဒိယ နိုင်ငံမှအမေရိကန်ဒေါ်လာ သန်း ၅၀၀ရင်းနှီး မြုပ်နှံခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကိုကုလားတန် မြစ်ဝ ရှိ စစ်တွေဆိပ်ကမ်းကုလားတန် မြစ်ကို သောင်တူးခြင်း၊ ကုလားတန် မြစ်အတွင်းရှိ ပလက်ဝ ဆိပ်ကမ်း တည်ဆောက်ခြင်များပါဝင်ပါတယ်။

အိန္ဒိယ ဆိပ်ကမ်း ကာလကတ္တား မှပင်လယ်ကူး သင်္ဘော ဖြင့် ကုန်များကိုစစ်တွေ ဆိပ်ကမ်းတွင် မြစ်ကြောင်းသွားသင်္ဘော များဖြင့်ပြောင်းတင်ပြီးပလက်ဝ မြစ်တွင်း ဆိပ်ကမ်းတွင်ကား ဖြင့် တစ်ဆင့် ပြောင်းတင်ပြီးအိန္ဒိယ နိုင်ငံရှိ မီဇိုရမ်ပြည်နယ် သို့ပို့ဆောင်ပေးမယ့် စီမံကိန်း ဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းထဲမှာပါဝင်တဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ကနေ မီဇိုရမ်ပြည်နယ်အထိ ကုန်းလမ်းအရှည် ၁၀ ကီလိုမီတာကျော်ကိုတော့ မြန်မာကုမ္ပဏီလေးခုက တာဝန်ယူဖောက်လုပ်နေဆဲပဲဖြစ်တယ်လို့ စီမံကိန်းနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်