မကွီအိမ်နူးမြို့

မင်းတပ်မြို့နယ် မကွီအိမ်နူးမြို့သစ် ဖွင့်ပွဲအတွက် ဒေသခံတွေကတော့ မြို့အဝင်ကျောက်တိုင်ကို ဒီကနေ့ ကိုယ်ထူကိုယ်ထူလုပ်ဆောင်နေကြပါတယ်။

မကွီအိမ်နူးမြို့ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ (၁၃)ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ကြေငြာစာ(၁၁၆၇/၂၀၁၇)နဲ့ မကွီအိမ်နူးကျေးရွာမှ မကွီအိမ်နူးမြို့အဖြစ်ကြေညာခဲ့တယ်။

မကွီအိမ်နူးမြို့ကို ရပ်ကွက် (၄)ခုနဲ့ဖွဲ့စည်းထားပြီး မကွီအိမ်နူး၊ ကြုံလောင်း၊ ထိန်ပြူံး၊ ဗွီနူး စတဲ့ ရပ်ကွက်တွေဖြစ်ပါတယ်။