မကွေးတိုင်းတွင် ခရစ်ယာန်ဓမ္မဆရာတစ်ပါးကို PDF လို့စွပ်စွဲကာစစ်ကောင်စီတပ်ကဖမ်းဆီးပြီး စစ်ကြောရေးဒဏ်ကြောင့် ကွယ်လွန်

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သက္ကယ်တောင်ကျေးရွာတွင် နေထိုင်တဲ့ အရှိုချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော် ဓမ္မဆရာဖြစ်တဲ့ ဆလိုင်းငွေကြာဟာ အသင်းတော်တာဝန်ဖြင့် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဆောမြို့နယ်သို့ သွားရာလမ်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်က PDF အဖွဲ့ဝင်လို့ စွပ်စွဲကာ မတရားဖမ်းဆီးကြပါတယ်။

ပြီးနောက် စေတုတ္တရာမြို့နယ် ရဲစခန်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ဆလိုင်းငွေကြာကို လူမဆန်စွာကြမ်းတမ်းရက်စက်ပြင်းထန်စွာနှီပ်စက်စစ်ကြောမေးမြန်းခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရာ ယနေ့ ဒီဇင်ဘာ ၉ ရက်နံနက်ခင်းတွင် ဆလိုင်းငွေကြာ ဆုံးပါးသွားခဲ့ပါတယ်။

ဆလိုင်းငွေကြာဟာ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သက္ကယ်တောင်ကျေးရွာတွင် မွေးဖွားခဲ့သော အရှိုချင်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး ပြည်မြို့ အရှိုချင်း နှစ်ငြခ်းကျမ်းစာကျောင်းတွင် ဒမ္မပညာသင်ယူနေသူလည်းဖြစ်၍ လက်ရှိတွင်လည်း သက္ကယ်တောင်ကျေးရွာ အရှိုချင်း နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ ဓမ္မဆရာအဖြစ် သာသနာပြုလျက် ရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ဦးဆောင်ပါဝင်နေသူတစ်ဦးဖြစ်ပါတယ်။

ယခုကဲ့သို့ ရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်အားတက်ကြွစွာဆောင်ရွက်နေသော အရှိုချင်း နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ ဓမ္မဆရာဖြစ်သူကို မတရားဖမ်းဆီး အကြမ်းဖက်သတ်ဖြတ်ခဲ့သော စစ်ကောင်စီရဲ့ ရွံရှာစက်ဆုပ်အော့နှလုံးနာစရာကောင်းသည့် လုပ်ရပ်ကို ပြင်းထန်စွာပြစ်တင်ကန့်ကွက်ရှုတ်ချတယ်လို့ မကွေးတိုင်းလူထုတိုက်ပွဲကော်မတီက ယနေ့ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာသွားပါတယ်။

Zalen ad

Zawgyi

မေကြးတုိင္းတြင္ ခရစ္ယာန္ဓမၼဆရာတစ္ပါးကို PDF လုိ႔စြပ္စြဲကာစစ္ေကာင္စီတပ္ကဖမ္းဆီးၿပီး စစ္ေၾကာေရးဒဏ္ေၾကာင့္ ကြယ္လြန္

မေကြးတုိင္းေဒသၾကီး၊ ေစတုတၱရာၿမိဳ႕နယ္၊ သကၠယ္ေတာင္ေက်းရြာတြင္ ေနထုိင္တဲ့ အရိႈခ်င္းႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္ ဓမၼဆရာျဖစ္တဲ့ ဆလုိင္းေငြၾကာဟာ အသင္းေတာ္တာဝန္ျဖင့္ ဒီဇင္ဘာ ၆ ရက္ေန႔တြင္ ေဆာၿမိဳ႕နယ္သို႔ သြားရာလမ္းတြင္ အၾကမ္းဖက္ စစ္ေကာင္စီတပ္က PDF အဖြဲ႔ဝင္လုိ႔ စြပ္စြဲကာ မတရားဖမ္းဆီးၾကပါတယ္။

ၿပီးေနာက္ ေစတုတၱရာၿမိဳ႕နယ္ ရဲစခန္းသို႔ အၾကမ္းဖက္ စစ္ေကာင္စီတပ္က ဆလုိင္းေငြၾကာကို လူမဆန္စြာၾကမ္းတမ္းရက္စက္ျပင္းထန္စြာႏွီပ္စက္စစ္ေၾကာေမးျမန္းခဲ့ၿပီး ဒီဇင္ဘာလ ၈ ရက္ေန႔တြင္ မေကြးတုိင္းေဒသၾကီး၊ ျပည္သူ႔ေဆးရံုသို႔ လႊဲေျပာင္းေပးခဲ့ရာ ယေန႔ ဒီဇင္ဘာ ၉ ရက္နံနက္ခင္းတြင္ ဆလုိင္းေငြၾကာ ဆံုးပါးသြားခဲ့ပါတယ္။

ဆလုိင္းေငြၾကာဟာ မေကြးတုိင္းေဒသၾကီး၊ ေစတုတၱရာၿမိဳ႕နယ္၊ သကၠယ္ေတာင္ေက်းရြာတြင္ ေမြးဖြားခဲ့ေသာ အရိႈခ်င္းတုိင္းရင္းသားတစ္ဦးျဖစ္ၿပီး ျပည္ၿမိဳ႕ အရိႈခ်င္း ႏွစ္ျငခ္းက်မ္းစာေက်ာင္းတြင္ ဒမၼပညာသင္ယူေနသူလည္းျဖစ္၍ လက္ရွိတြင္လည္း သကၠယ္ေတာင္ေက်းရြာ အရိႈခ်င္း ႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္ရဲ႕ ဓမၼဆရာအျဖစ္ သာသနာျပဳလ်က္ ရပ္ရြာေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားတြင္လည္း ဦးေဆာင္ပါဝင္ေနသူတစ္ဦးျဖစ္ပါတယ္။

ယခုကဲ့သို႔ ရပ္ရြာေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ စိတ္အားတက္ၾကြစြာေဆာင္ရြက္ေနေသာ အရိႈခ်င္း ႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္ရဲ႕ ဓမၼဆရာျဖစ္သူကို မတရားဖမ္းဆီး အၾကမ္းဖက္သတ္ျဖတ္ခဲ့ေသာ စစ္ေကာင္စီရဲ႕ ရြံရွာစက္ဆုပ္ေအာ့ႏွလံုးနာစရာေကာင္းသည့္ လုပ္ရပ္ကို ျပင္းထန္စြာျပစ္တင္ကန္႔ကြက္ရႈတ္ခ်တယ္လုိ႔ မေကြးတုိင္းလူထုတုိက္ပြဲေကာ္မတီက ယေန႔ ဒီဇင္ဘာ ၉ ရက္တြင္ ထုတ္ျပန္ေၾကညာသြားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်