မင်းတုန်းမြို့နယ်က ချင်းစစ်ဘေးရှောင် (၄၅)ဦးထံ ဆန်နဲ့အဝတ်အထည်တွေလှူဒါန်း

ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲလမောင်ကျေးရွာမှ မကွေးတိုင်းဒေသကြီး မင်းတုန်း မြို့ နယ် စိုင်ဒိုးအုပ်စု ခုန်တိုင်ရွာမှာ ခိုလုံနေထိုင်တဲ့ ချင်းတိုင်းရင်းသား စစ်ဘေးရှောင်တွေကို ဆန်နဲ့ အဝတ်အထည်တွေလှူဒါန်းထားတယ်လို့သိရပါတယ်။

မင်းတုန်းမြို့နယ် အင်းလည် ကုန်း အဖြူရောင် ပရဟိတအသင်းက စစ်ရှောင်အိမ်ထောင်စု (၁၄)စု၊ လူဦးရေ (၄၅)ဦးထံ ဆန် (၁၅)အိတ်၊ အဝတ်အထည်နဲ့ ခြင်ထောင်တွေသွားရောက်လှူဒါန်းထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် နယ်မြေမလုံသဖြင့် ယင်းမြို့နယ်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသားတွေဟာ အမ်းမြို့နဲ့ အနီးရှိ မကွေးတိုင်းထဲက ချင်းတိုင်းရင်းသားတွေနေထိုင်ရာ ကျေးရွာတွေမှာ သွားရောက်ခိုလုံကြပါတယ်။

(Zawgyi)

Zalen ad

မင္းတုန္းၿမိဳ႕နယ္က ခ်င္းစစ္ေဘးေရွာင္ (၄၅)ဦးထံ ဆန္နဲ႔အဝတ္အထည္ေတြလွဴဒါန္း

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ မဲလေမာင္ေက်းရြာမွ မကေြးတိုင္းေဒသၾကီး မင္းတုန္း ၿမိဳ႕ နယ္ စိုင္ဒိုးအုပ္စု ခုန္တုိင္ရြာမွာ ခိုလံုေနထုိင္တဲ့ ခ်င္းတုိင္းရင္းသား စစ္ေဘးေရွာင္ေတြကို ဆန္နဲ႔ အဝတ္အထည္ေတြလွဴဒါန္းထားတယ္လို႔သိရပါတယ္။

Photo: Salai Phe

မင္းတုန္းၿမိဳ႕နယ္ အင္းလည္ ကုန္း အျဖဴေရာင္ ပရဟိတအသင္းက စစ္ေရွာင္အိမ္ေထာင္စု (၁၄)စု၊ လူဦးေရ (၄၅)ဦးထံ ဆန္ (၁၅)အိတ္၊ အဝတ္အထည္နဲ႔ ျခင္ေထာင္ေတြသြားေရာက္လွဴဒါန္းထားပါတယ္။

ရခုိင္ျပည္နယ္ အမ္းၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ေအေအလက္နက္ကိုင္တပ္ဖြဲ႔ေတြ တုိက္ပြဲျဖစ္ပြားျခင္းေၾကာင့္ နယ္ေျမမလံုသျဖင့္ ယင္းၿမိဳ႕နယ္မွာေနထိုင္တဲ့ ခ်င္းတုိင္းရင္းသားေတြဟာ အမ္းၿမိဳ႕နဲ႔ အနီးရွိ မေကြးတိုင္းထဲက ခ်င္းတိုင္းရင္းသားေတြေနထုိင္ရာ ေက်းရြာေတြမွာ သြားေရာက္ခိုလံုၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်