မင်းအောင်လှိုင် စောက်သုံးမကျဘူးလို့ ဝေဖန်တဲ့ အဆိုတော် ဗျူဟာအား ထောင်ဒဏ် နှစ်(၂၀) ချမှတ်

ပြီးခဲ့တဲ့ မေလ (၂၃)ရက်က Hip Hop အဆိုတော် ဗျူဟာ က မကြာခဏမီးပျက်ခြင်းနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် Live လွှင့်ပြီးဝေဖန်လို့ ညတွင်းချင်းပဲစစ်ကောင်စီက ဖမ်းဆီးပြီး မနေ့ဩဂုတ်လ ၂၃ ရက်တွင် ထောင်ဒဏ်နှစ် (၂၀)ချမှတ်လိုက်တယ်လို့သတင်းရရှိပါတယ်။

၎င်းကို နိုင်ငံတော်အကြည်ညိုပျက်‌စေမှု ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲခံရပါတယ်။ အဆိုတော် ဗျူဟာ ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခံရကြောင်း ၎င်း ဇနီးဖြစ်သူက ဩဂုတ်လ (၂၃) ရက် မွန်းလွှဲပိုင်းတွင် လူမှုကွန်ရက်တွင်ဖော်ပြရာမှသိရခြင်းဖြစ်တယ်။

အဆိုတော်က ဗျူဟာက ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်သည့် ၅ နှစ်တာကာလအတွင်း မီးမပျက်သည့် အပြင် မီတာခလျှော့ပေးခဲ့မှုနဲ့နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံးမကျဘူးလို့ လူမှုကွန်ရက်တွင် ဗီဒီယို လွှင့်တင် ပြောဆိုခဲ့ပါတယ်။

၎င်းကိုလက်ရှိ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး ကျန်းမာရေးကောင်းမွန်နေပြီလို့သိရတယ်။ ဟစ်ဟော့ အဆိုတော် ဗျူဟာသည် “ကမ္ဘာမကြေဘူး” သီချင်းရေးစပ်သူ တေးရေးဆရာ နိုင်မြန်မာရဲ့ သားဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြန်မာရှိ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ဒရုန်းပေးပို့မှုတို့ဖြင့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယမှာ ဖမ်းဆီး

မတ် ၁၇၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အမေရိကန်နိုင်ငံသား ...

ဆက်ဖတ်ရန်