မဏိပူရ်မှာ ကူကီး-ဇိုကျေးရွာတခုကို (ZUF) အဖွဲ့က မီးရှို့ဖျက်ဆီး

ဇန်နဝါရီ ၂၇၊ ၂၀၂၆။

Zalen

Zalen ad

အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Kangpokpi ခရိုင် Songlung ကျေးရွာကို ဇန်နဝါရီလ ၂၆ ရက်နေ့က Zeliangromg United Front(ZUF, Kamsom) အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသသတင်းများတွင် ဖော်ပြထားပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့က အဲဒီကျေးရွာရှိ ရွာသားအချို့ဟာ တောင်ယာထဲ အလုပ်သွားနေချိန်မှာ အဲဒီအဖွဲ့ဟာ ကျေးရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို Songlung ကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၅ အိမ်ကျော်နဲ့ ကျေးရွာသားများပိုင်ဆိုင်တဲ့ တန်းဖိုးရှိပစ္စည်းများနဲ့ ဂျစ်ကားတစီးပါ မီးလောင်ပျက်ဆီးခဲ့ပြီး ရွာတွင် ကျန်ခဲ့တဲ့ ရွာသားအချို့ရဲ့ လက်ကိုင်ဖုန်းများကို သိမ်ဆည်းသွားတယ်လို့ ဒေသသတင်းရင်းမြစ်များထံက သိရှိရပါတယ်။

” ရွာဥက္ကဋ္ဌနဲ့ သူ့ရဲ့သားကြီးက ရေသွယ်တဲ့နေရာဘက်သွားနေစဉ် သူတို့ကဖမ်းဆီးပြီး မျက်နာကိုအဝတ်နဲ့စည်းထားတယ်။ ပြီးတော့ အိမ်မှာရှိတဲ့သူအဒေါ်နဲ့ အသက် ၁၀၀ ကျော်အဘိုးအို ကိုလည်း မျက်နာကိုအဝတ်နဲ့ စည်းပြီး အပြင်ကိုခေါ်ထုတ်ပြီး အိမ်တွေကိုမီးရှို့ကြတာ” လို့ ဒေသသတင်းအချက်အလက်ဖော်ပြချက်အရ သိရပါတယ်။

အဲဒီ ကူကီး-ဇို ကျေးရွာ Songlung မီးရှိုဖျက်ဆီးခံရမှုတွင် လူထိခိုက်သေဆုံးမှုမရှိပေမယ့် ရွာသားများပိုင်ဆိုင်တဲ့ လူနေအိမ်များနဲ့ သူတို့ပိုင်ဆိုင်တဲ့ တန်းဖိုးရှိပစ္စည်များ မီးလောင်ပြာကျခဲ့ပြီး ကျေးရွာသားများဟာ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ယင်းဒေသဟာ Zeliangromg နာဂမျိုးနွယ်စုများ အများစုနေထိုင်ကြပြီး ကူကီး-ဇို လူမျိုး အနည်းငယ်နေထိုင်နေတဲ့ ဒေသဖြစ်တယ် လို့သိရပါတယ်။

အခုလို Songlung ကျေးရွာကို ရက်စက်စွား မီးရှိုဖျက်ဆီးမှုတွင် ပါဝင်ပတ်သက်နေသူတွေကို ၂၄ နာရီအတွင်း အစိုးရတာဝန်ရှိသူများမှ ဖော်ထုတ်အရေးယူဆောင်ရွက်မှုမရှိပါက ဇန်နဝါရီလ ၂၇ရက်နေ ည ၁၂ နာရီမှ ၂၈ရက်နေ့ ည၁၂နာရီအတွင်း AH – 2 နဲ့ NH – 37 လမ်းမ နှစ်ခုကို ပိတ်ဆို့မှုပြုလုပ်သွားမှာဖြစ်တယ်လို့ Committee on Tribal Unity (CoTU) အဖွဲ့မှ ထုတ်ပြန်ပြန်ထားပါတယ်။

သတင်း – PR

ပုံစာ – မီးရှို့ဖျက်ဆီးခံရတဲ့ Songlung ကျေးရွာနေအိမ်များကိုတွေ့ရစဉ်။

#အိန္ဒိယ#မဏိပူရ်ပြည်နယ်#ZUF#ဇိုကျေးရွာ#Zalen

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်