မတူပီမြို့တွင် စစ်ကောင်စီဗိုလ်ဗှူး ပစ်သတ်ခံရပြီးနောက် CDM ဆရာဝန်လင်မယားအပါအဝင် ၆ ဦးဖမ်းဆီးခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာတွင် ဇွန်လိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဗျူဟာမှူးရဲ့ လူယုံတော် ဗိုလ်ဗှူးသန်းနိုင်ဝင်း ပစ်သတ်ခံရပြီးနောက် CDM ဆရာဝန်လင်မယားအပါအဝင် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးတယ်လို့သတင်းရရှိပါတယ်။

ဗိုလ်မှူးသန်းနိုင်ဝင်း ပစ်သတ်ခံရမှူနဲ့ ပတ်သက်ပြီး ဖနိုင်ကျေးရွာတွင် နေထိုင်သော CDM ဆရာဝန်နဲ့သူ့မိန်းမကို မနေ့ဇူလိုင် ၁၆ ရက်က စစ်ကောင်စီက အဖမ်းခံလိုက်ရကြောင်း ဖနိုင်ရွာသားများက ပြောပါတယ်။

ဖနိုင်ရွာ သားတစ်ဦးက”ဟိုလူပစ်သတ်ခံရတဲ့ နေရာနီးနားမှာနေတဲ့ CDM လုပ်ထားတဲ့ မင်းတပ်က ဆရာဝန်နဲ့ သူ့မိန်းမကို ဖမ်းခဲ့ကြတယ်။ အဲ့ ဆရာဝန်က အရက်ချက်၊ ခေါင်းရည်လုပ်ပြီး ငွေရှာတာ။ သူကပဲ ဗိုလ်မှူးသန်းနိုင်ဝင်းကို ဆက်သွယ်ခဲ့တယ် လို့ စွပ်စွဲပြီး ဖမ်းလိုက်တာ။ ပြီးတော့ ခြံစောင့် လင်မယား ၂ ယောက်လည်းဖမ်းကြတယ်”လို့ ‌ ပြောပါတယ်။

CDF-Matupi ရဲ့ ယနေ့ ဇူလိုင် ၁၇ ရက် ထုတ်ပြန်ချက်တွင် ၁၅ ရက်နေ့တွင် ဗိုလ်မှူးသန်းနိုင်ဝင်း ပစ်သတ်ခံရပြီးနောက် ဒေသခံ ၆ ဦးအဖမ်းခံရကြောင်း ၎င်းတို့နဲ့လုံးဝပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

Zalen ad

ဒါပေမယ့် ဖနိုင်ရွာသားများရဲ့ ပြောကြားချက်အရ ဆရာဝန် လင်မယား အပါအဝင် ၄ ယောကျ အဖမ်းခံရတယ်လို့ ဆိုကြပါတယ်။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်