၂၇ ၊ ဇူလိုင် ၊၂၀၂၄
Zalen
ချင်းပြည်နယ်၊မတူပီမြို့ကို ချင်းညီနောင် နဲ့မဟာ မိတ်များက ဇွန်လ ၂၉ ရက်နေ့တွင် အပြီး တိုင်သိမ်း ပိုက်ခဲ့ပြီးနောက် မတူပီမြို့အုပ်ချုပ်ရေးလည်ပတ်နိုင်စေရန်အတွက် ဇူလိုင် ၂၀ ရက်နေ့ မှစတင်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စတင် ဖွဲ့စည်းနေပြီဖြစ် ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် လ ၂၆ ရက်နေ့ဒီကနေ့တွင်ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၂၀၂၂ ခုနှစ် ၊အောက်တိုဘာ လ (၅/၆)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ ပေမယ့်၂၀၂၃ ခုနှစ်အောက်တိုဘာလ(၅/၆)ရက်နေ့ တစ်နှစ်အကြာတွင် သက်တမ်းကုန်ဆုံးပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ထို့ကြောင့် ပြည်သူလူထုအတွက်လိုအပ်တဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများဆက်လက်အ ကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကာကွယ် ရေးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(၄၃)ဦးတက်ရောက်ကာ ကော်မတီ ၁၇ ခုဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။
မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရှေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များကိုလည်းစာအမှတ် ၂ ဖြင့်ပြန်လည် သတင်းထုတ်ပြန်မယ်လို့ဆိုပါတယ်။
မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းတာနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးပြန်ကြားရေးတာ၀န်ခံတစ်ဉီးက “အစည်းဝေးတက်ရောက်သူ ၄၃ ဦး၊ ကော်မတီ ၁၇ ခု ဖြင့်ဖွဲ့စည်းတာ၊တပ်မဟာ ၁ ထိန်းချူပ် နယ်မြေ၊ တိုက်နယ် ၄ ခုနဲ့ဖွဲ့စည်းတာဗျ။ အရင်ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ ကလူထုဆန္ဒ မပါဘဲ CC ဘက်သို့ကူး ပြောင်းတာကြောင့်ဖြစ်တယ်။ အခုပြန်လည်ဖွဲ့စည်းရခြင်းကလည်း မူရင်း NUG ၊ ICNCC၊ CB နိုင်ငံရေးလမ်းစဉ်အတိုင်းပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ပါတယ်”လို့ Zalen ကိုပြောပါတယ်။
ဆက်လက်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဘယ်လိုပူးပေါင်းမယ်တယ်ဆိုတာကို တပ်မ ဟာ- ၁ တာ၀န်ရှိသူတစ်ဉီးက “အုပ်ချုပ်ရေးလိုအပ် ချက်တွေအရအခုမြို့တွင်း လိုအပ်တဲ့ ရေသွယ်တာကအစ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ လိုအပ်ချက်တွေအရ အပြန်အလှန် အကူအညီ ပေးတာဖြစ်တယ်” လို့ပြောပါတယ်။
လက်ရှိမတူပီအုပ်ချုပ်ရေးပြန်လည်စတင်ဆောင် ရွက်တဲ့ကိစ္စနဲ့ပတ်သက်လို့ တပ်မဟာ -၂ အနေနဲ့ ပူးပေါင်းနိုင်ဖို့အစီအစဉ်ရှိ၊မရှိကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တပ်မဟာ -၂အနေနဲ့ပြန်လည်ဖြေကြားထားခြင်းမရှိပါဘူး။
မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ချင်းညီနောင်(Chin Brotherhood)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခကောင်စီ(ICNCC) ၏ နိုင်ငံရေးလမ်းစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မိုးပီအောင်