မတူပီမြို့အခြေစိုက် စစ်ကောင်စီ တပ်သားတစ်ဦးထွက်ပြေး

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်သားတစ်ဦးဟာ မေလ ၂၃ ညတွင် ထွက်ပြေးသွားကြောင်း မတူပီမြို့ခံတစ်ဦးက ပြောပါတယ်။

၎င်းတပ်သားဟာ လက်နက်ယူဆောင်သွားခြင်းမရှိပါ။ မေလ ၂၄ ရက်နေ့မှာတော့ စစ်ကောင်စီတပ်သားများဟာ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးကာ မတူပီမြို့ပေါ်တွင် လှည့်လည်သွားလာနေကြေကြောင်း ဒေသခံများက ပြောပါတယ်။

ထိုအပြင် မနေ့ည မေ ၂၆ ရက်ကလည်း မတူပီမြို့ပေါ်တွင် လက်နက်ကြီးသံ ၄ ၊ ၅ ချက်လောက်ကြားခဲ့ရပါတယ်။ မတူပီမြို့ပေါ်တွင် သေနတ်သံ လက်နက်ကြီးသံကို နေ့တိုင်းလိုလို ကြားနေရတာကြောင့် ဒေသခံများအတွက် သာမန်ကိစ္စလိုဖြစ်နေပြီဖြစ်ကြောင်း ဆိုပါတယ်။

အရင်လကလည်း မြန်မာ့စီးပွားရေးဘဏ်မှာလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ သေနတ် ၃ လက်နဲ့ထွက်ပြေးတာကြောင့် ၎င်းတို့ကိုကူညီတယ်လို့ဆိုကာ စစ်ကောင်စီက ဒေသခံ ၅ ဦးကို ဖမ်းဆီးပြီး အမျိုးသမီး ၂ ဦးကိုသာပြန်လွှတ်ခဲ့ပါတယ်။

Zalen ad

Zawgyi

မတူပီၿမိဳ႕အေျခစိုက္ စစ္ေကာင္စီ တပ္သားတစ္ဦးထြက္ေျပး

မတူပီၿမိဳ႕အေျခစိုက္ စစ္ေကာင္စီတပ္သားတစ္ဦးဟာ ေမလ ၂၃ ညတြင္ ထြက္ေျပးသြားေၾကာင္း မတူပီၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

၄င္းတပ္သားဟာ လက္နက္ယူေဆာင္သြားျခင္းမရွိပါ။ ေမလ ၂၄ ရက္ေန႔မွာေတာ့ စစ္ေကာင္စီတပ္သားမ်ားဟာ အရပ္ဝတ္ျဖင့္ ဆိုင္ကယ္စီးကာ မတူပီၿမိဳ႕ေပၚတြင္ လွည့္လည္သြားလာေနေၾကေၾကာင္း ေဒသခံမ်ားက ေျပာပါတယ္။

ထိုအျပင္ မေန႔ည ေမ ၂၆ ရက္ကလည္း မတူပီၿမိဳ႕ေပၚတြင္ လက္နက္ႀကီးသံ ၄ ၊ ၅ ခ်က္ေလာက္ၾကားခဲ့ရပါတယ္။ မတူပီၿမိဳ႕ေပၚတြင္ ေသနတ္သံ လက္နက္ႀကီးသံကို ေန႔တိုင္းလိုလို ၾကားေနရတာေၾကာင့္ ေဒသခံမ်ားအတြက္ သာမန္ကိစၥလိုျဖစ္ေနၿပီျဖစ္ေၾကာင္း ဆိုပါတယ္။

အရင္လကလည္း ျမန္မာ့စီးပြားေရးဘဏ္မွာလံုျခံဳေရးယူေနတဲ့ စစ္ေကာင္စီတပ္သား ၂ ဦးဟာ ေသနတ္ ၃ လက္နဲ႔ထြက္ေျပးတာေၾကာင့္ ၄င္းတို႔ကိုကူညီတယ္လုိ႔ဆိုကာ စစ္ေကာင္စီက ေဒသခံ ၅ ဦးကို ဖမ္းဆီးၿပီး အမ်ဳိးသမီး ၂ ဦးကိုသာျပန္လႊတ္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်