မလေးရှားတွင် ချင်းအမျိုးသမီးတစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၌ အလုပ်လုပ်ကိုင်နေစဉ် ချင်းတိုင်းရင်းသူ Lal Hnem Sung@ မိချို (၃၇နှစ်)ဟာ နိုဝင်ဘာ ၁၈ ရက်တွင် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ရာ ကွာလာလမ်ပူမြို့ ဆေးရုံတွင် ကွယ်လွန်သွားတယ်လို့သတင်းရရှိပါတယ်။

Lal Hnem Sung@ မိချို ဟာ ချင်းပြည် နယ်၊ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာဇာတိလို့သိရတယ်။

ရုပ်အလောင်းအား မြန်မာနိုင်ငံသို့ပို့ပေးရန် မိသားစုဝင်များကအကူအညီတောင်းသဖြင့် နိုဝင် ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ပို့ ဆောင်မယ်လို့ မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) ကဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က ဒေသဆိုင်ရာချင်းအမျိုးသားများ ကွန်မြူနတီမိသားစုများနှင့်ပူးပေါင်း၍ နိုဝင်ဘာ ၂၂ ရက်မွန်းလွဲ ၂ နာရီတွင် persuaran kajang ၌ ဆုတောင်းပွဲပြုလုပ်၍ မလေးရှားလေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ နိုဝင်ဘာ ၂၃ ရက်တွင် ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်