မီဇိုရမ်မှာ ၅ လအတွင်းရူပီး သန်းပေါင်း ၁၉၀ ကျော်တန်ဖိုးရှိမူးယစ်ဆေးများဖမ်းမိ

ဇန်နဝါရီ ၂၂ ၊ ၂၀၂၆။

Zalen

Zalen ad

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ၅ လတာ ကာလအတွင်း ရူပီး သန်းပေါင်း ၁၉၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးများဖမ်းဆီးခဲ့ပြီလို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မှုဖြင့် မူးယစ်ဆေးတိုက်ဖျက်ရေးကို Jericho စစ်ဆင်ရေး အမည်ဖြင့်ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကနေ အရှိန်အဟုန်မြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကာလအတွင်း ရူပီး ၁၉၆.၄၂ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးများ ဖမ်းဆီးခဲ့တာဖြစ်ပြီး မီဇိုရမ်ရဲတပ်ဖွဲ့က အမှုပေါင်း ၁၂၅ အမှုဖွင့်ခဲ့ပြီး လူပေါင်း ၁၈၅ ဦးဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်ထဲက မူးယစ်ဆေးဖမ်းဆီးမှုအများဆုံးခရိုင်မှာ ဆိုင်သွာလ်းခရိုင်ဖြစ်ပြီး ရူပီး ၈၅.၂၆ သန်းတန် ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးမှုအနည်းဆုံးခရိုင်မှာ ရှာဟာခရိုင်ဖြစ်ပြီး ရူပီး ၇၀၀၀၀ တန်ဖိုးသာဖမ်းမိထားပါတယ်။

တာဝန်ရှိသူများက ဖမ်းဆီးထားတဲ့ မူးယစ်ဆေးများမှာ ဘိန်းဖြူ ၃၃.၅၅၉ ကီလိုဂရမ်၊ မက်သမ်ဖက်တမင်း စိတ်ကြွဆေး ၂၀၅.၀၂၄ ကီလိုဂရမ်၊ ခရစ်တယ်လ် မက်တမ်ဖက်တမင်း ၁၃.၃၂၈ ကီလိုဂရမ်၊ အလ်ပရာဇိုလမ် အလုံးပေါင်း ၄၇၄၀၀၊ ဆေးခြောက် ၂၁.၁၀၈ ကီလိုဂရမ်၊ ကော်ရက်ချောင်းဆိုးပျောက်ဆေး များ နဲ့ ဘိန်းစေ့ များ ပါဝင်တယ်လို့သိရပါတယ်။

ယခုဖမ်းဆီးထားတဲ့ မူးယစ်ဆေးများနဲ့ တရားခံများအနက် မြန်မာနိုင်ငံသား အများအပြားပါဝင်ပေမယ့် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ အတိအကျဖော်ပြထားခြင်းမရှိပါ။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#အိန္ဒိယ#မီဇိုရမ်#မူးယစ်ဆေး#Zalen

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်