မဲပေးတဲ့ချိန် လူစုလူဝေးမဖြစ်အောင် တီးတိန်မြို့နယ်တွင် မဲရုံ (၉)ရုံထပ်တိုးမယ်

လာမယ့် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးတဲ့ချိန်မှာ လူစုလူဝေးမဖြစ်အောင် တီးတိန်မြို့နယ်မှာ မဲရုံ (၉)ရုံထပ်တိုးမယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဆီကနေသတင်းရရှိပါတယ်။

တီးတိန်မြို့နယ်မှာ ၂၀၁၉ ခုနှစ်လူဦးရေစာရင်းအရ မဲရုံ (၁၃၁) ရုံထားဖို့လျာထားပေမယ့် ကိုဗစ်-၁၉ကြောင့် လူစုလူဝေးမဖြစ်အောင်၊ ဝန်ကြီးဌာနတွေရဲ့ညွှန်ကြားချက်နဲ့ကိုက်ညီအောင် မဲဆန္ဒရှင် တစ်ထောင်အထက်ရှိတဲ့မဲရုံတွေမှာ မဲရုံတစ်ရုံဆီထပ်တိုးမယ်လို့သိရပါတယ်။

ဒါကြောင့် တီးတိန်မြို့နယ်မှာ စုစုပေါင်း မဲရုံ (၁၄၀) ရုံရှိမှာဖြစ်ပါတယ်။

Zalen ad

တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရဲ့ ဦးစီးအရာရှိ ဒေါ်ဒိမ်ဆန်ကိမ်းက “မဲရုံထပ်တိုးတာကြောင့် မဲပေးတဲ့ချိန် မဲရုံမှာလူတွေတိုးဝေ့ဖို့မလိုတော့ဘူးပေါ့။ Volunteer တွေလည်းပူးပေါင်းဖို့ ဖိတ်ခေါ်မယ့်အစီအစဉ်ရှိတယ်။ အဲ့မှာ Social Distance တိုင်းဖြစ်အောင်၊ လူစုလူဝေးမဖြစ်အောင်၊ တိုးဝေ့ဖို့မလိုအောင် လုပ်သွားမယ်။ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်တွေ အသိပေးနိုင်ဖို့ facebook page ထောင်ထားပါတယ်” လို့ပြောပါတယ်။

တီးတိန်မြို့နယ်ထဲတွင် ခိုင်ကမ်းမြို့လည်းပါအဝင်ဖြစ်ပြီး မဲဆန္ဒရှင် ၆သောင်းဝန်းကျင်ရှိပါတယ်။

တီးတိန်မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၇)ပါတီဖြစ်တဲ့ ZCD, CNLD, USDP, NLD, UBP, UDP, နဲ့ တ.စ.ည ပါတီတို့မှ ကိုယ်စားလှယ်လောင်းများဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ (၇)ဦးတွေ့ရှိထားပြီး လက်ရှိ တွန်းဇံမြို့နယ်ကနေ (၆)နှစ်အရွယ်ကလေးငယ်တစ်ဦးကုသလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်